Connect with us

Hi, what are you looking for?

သတင်း

မြိုင်က ​အောင်ဆန်းတက္ကသိုလ်ကိုစစ်​ကောင်စီဗုံးကြဲ ၊​ကျောင်းသူ ၁ဦး​သေ ၆ ဦးဒဏ်ရာရ

မြိုင်မြို့နယ်အနောက်ခြမ်းက အောင်ဆန်းတက္ကသိုလ်ကို စစ်တပ်ကလေကြောင်းကဗုံးကြဲတိုက်ခဲ့တာ​ကြောင့် ကျောင်းသူတဦးသေဆုံးပြီးကျောင်းသားတွေအပါအဝင် ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ Myai Intelligent Group မှ ရဲ​ဘော်မြိုင်ကြီးက​ပြောတယ်။

စစ်တပ်က ​လေ​ကြောင်းတိုက်ခိုက်ပြီး ကျည်ခွံ​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-MIG

ရှိန်း/People’s Spring

မြိုင်မြို့နယ်အနောက်ခြမ်းက အောင်ဆန်းတက္ကသိုလ်ကို စစ်တပ်ကလေကြောင်းကဗုံးကြဲတိုက်ခဲ့တာ​ကြောင့် ကျောင်းသူတဦးသေဆုံးပြီးကျောင်းသားတွေအပါအဝင် ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ Myai Intelligent Group မှ ရဲ​ဘော်မြိုင်ကြီးက​ပြောတယ်။

ဇန်နဝါရီလ၂၉ ရက်နေ့၊ည ၁၂နာရီ ၅၃မိနစ်ခန့်မှာ စစ်ကောင်စီတပ်က အောင်ဆန်းတက္ကသိုလ်ကိုဂျက်ဖိုက်တာနှစ်စီးနဲ့လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုမှာ ကျောင်းသူတဦး၊ကျောင်းသားတဦး နဲ့ စျေးသည်နှစ်ဦးတို့ထိခိုက်ဒဏ်ရာတွေရခဲ့တာလို့သိရပါတယ်။

ဒါအပြင် ဇန်နဝါရီလ ၃၀ ရက်နေ့၊ညနေ ၅နာရီခွဲမှာလည်းမကွေးလေတပ်က ဂျက်ဖိုက်တာ၂စီး၊တံတားဦးလေတပ်ကဂျက်ဖိုက်တာ ၁ စီးစုစုပေါင်း သုံးစီးနဲ့လေကြောင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ဒီတိုက်ခိုက်မှုမှာ ဂန့်ဂေါမြို့နယ်ကနေ ကျောင်းလာတက်တဲ့ကျောင်းသူတဦးသေဆုံးခဲ့ပြီး ကျောင်းသူတဦးနဲ့ကျောင်းဆရာတဦးတို့ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ရဲဘော်မြိုင်ကြီးကပြောပါတယ်။

Public Service Announcement

Public Service Announcement

“အခြေအနေငြိမ်လို့ ပစ္စည်းဝင်သိမ်းတဲ့အချိန်မှာလေယာဥ် ၃ စီးနဲ့ ကြဲချတာ”လို့ ရဲဘော်မြိုင်ကြီးကပြောပါတယ်။

ဒီမနက် (ဇန်နဝါရီ ၃၁ ) ၁၀ နာရီ​လောက်မှာလည်းစစ်ကောင်စီဘက်က ကင်းထောက်ဒရုန်းတွေတက္ကသိုလ်ဘက်ကို ဆက်တိုက်ဝဲနေတယ်လို့ ရဲဘော်မြိုင်ကြီးကပြောပါတယ်။

ဒါ့အပြင် မြိုင်အရှေ့ခြမ်း၊ပုခုက္ကူမြို့ဘက်ကနေလည်း မြိုင်နယ်ထဲကို အင်အား ၁၀၀ ခန့်ပါစစ်ကြောင်း​တွေလည်းထိုးနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး