ရှိန်း/People’s Spring
မြိုင်မြို့နယ်အနောက်ခြမ်းက အောင်ဆန်းတက္ကသိုလ်ကို စစ်တပ်ကလေကြောင်းကဗုံးကြဲတိုက်ခဲ့တာကြောင့် ကျောင်းသူတဦးသေဆုံးပြီးကျောင်းသားတွေအပါအဝင် ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ Myai Intelligent Group မှ ရဲဘော်မြိုင်ကြီးကပြောတယ်။
ဇန်နဝါရီလ၂၉ ရက်နေ့၊ည ၁၂နာရီ ၅၃မိနစ်ခန့်မှာ စစ်ကောင်စီတပ်က အောင်ဆန်းတက္ကသိုလ်ကိုဂျက်ဖိုက်တာနှစ်စီးနဲ့လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုမှာ ကျောင်းသူတဦး၊ကျောင်းသားတဦး နဲ့ စျေးသည်နှစ်ဦးတို့ထိခိုက်ဒဏ်ရာတွေရခဲ့တာလို့သိရပါတယ်။
ဒါအပြင် ဇန်နဝါရီလ ၃၀ ရက်နေ့၊ညနေ ၅နာရီခွဲမှာလည်းမကွေးလေတပ်က ဂျက်ဖိုက်တာ၂စီး၊တံတားဦးလေတပ်ကဂျက်ဖိုက်တာ ၁ စီးစုစုပေါင်း သုံးစီးနဲ့လေကြောင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ဒီတိုက်ခိုက်မှုမှာ ဂန့်ဂေါမြို့နယ်ကနေ ကျောင်းလာတက်တဲ့ကျောင်းသူတဦးသေဆုံးခဲ့ပြီး ကျောင်းသူတဦးနဲ့ကျောင်းဆရာတဦးတို့ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ရဲဘော်မြိုင်ကြီးကပြောပါတယ်။

Public Service Announcement
“အခြေအနေငြိမ်လို့ ပစ္စည်းဝင်သိမ်းတဲ့အချိန်မှာလေယာဥ် ၃ စီးနဲ့ ကြဲချတာ”လို့ ရဲဘော်မြိုင်ကြီးကပြောပါတယ်။
ဒီမနက် (ဇန်နဝါရီ ၃၁ ) ၁၀ နာရီလောက်မှာလည်းစစ်ကောင်စီဘက်က ကင်းထောက်ဒရုန်းတွေတက္ကသိုလ်ဘက်ကို ဆက်တိုက်ဝဲနေတယ်လို့ ရဲဘော်မြိုင်ကြီးကပြောပါတယ်။
ဒါ့အပြင် မြိုင်အရှေ့ခြမ်း၊ပုခုက္ကူမြို့ဘက်ကနေလည်း မြိုင်နယ်ထဲကို အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းတွေလည်းထိုးနေတယ်လို့သိရပါတယ်။
