Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် နွံကန်ထပ်ပြိုပြီး လူသုံးဦး သေဆုံး

နွံကန်ပြိုကျ၍ လူ ၃၀ကျော်သေဆုံးခဲ့သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့ စပေါ့ကျေးရွာ၌ ယမန်နေ့(ဇန်နဝါရီ ၃၀ရက်) ညက နွံကန်တစ် ကန်ထပ်ပြိုပြီး လူ သုံးဦးထပ်မံသေဆုံးခဲ့သည်။

ဖားကန့်တွင် ဇန်နဝါရီ ၃၀ရက်ညက ပြိုကျသည့် နွံကန်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

အိမ်သွင်/People’s Spring

နွံကန်ပြိုကျ၍ လူ ၃၀ကျော်သေဆုံးခဲ့သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့ စပေါ့ကျေးရွာ၌ ယမန်နေ့(ဇန်နဝါရီ ၃၀ရက်) ညက နွံကန်တစ် ကန်ထပ်ပြိုပြီး လူ သုံးဦးထပ်မံသေဆုံးခဲ့သည်။

ပထမတခါက ပြိုတဲ့နွံကန်ဘေးကကန် ထပ်ပြိုတာ။ည ၁၀နာရီလောက်က ပြိုတာ။ ဘက်ဟိုးမောင်းသမားတွေ ပါသွားတာ။ ဘက်ဟိုးတွေနဲ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူသုံးဦးမှာ ကိုဌေးနိုင်၊ကိုဟန်ဝင်းအောင်နှင့် ကိုဇေယျာဟိန်းတို့ဖြစ်ပြီး ရုပ်အလာင်းများ ရှာတွေ့ထားသည်။

Public Service Announcement

Public Service Announcement

၎င်းတို့၏ မိသားစုများထံ လူမှုကူညီရေးအသင်းများက အကြောင်းကြားထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ရက်က နွံကန်ပြိုကျမှုတွင် လူ ၃၀ ကျော် သေဆုံးခဲ့ပြီး သုံးရက်ကြာ ရှာဖွေမှုအတွင်း ရုပ်အလောင်း ၃၁ လောင်း ပြန်ရှာတွေ့ခဲ့သည်။ နေအိမ် ၅၀ကျော်လည်း ပျက်စီးခဲ့သည်။

ဖားကန့်မြိုဘတွင် ဒေသခံများအတွက် အန္တရာယ်ရှိသော ကျောက်စိမ်းလုပ်ကွက်များ၊ နွံကန်များ ရှိနေသေးသည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။