အိမ်သွင်/People’s Spring
နွံကန်ပြိုကျ၍ လူ ၃၀ကျော်သေဆုံးခဲ့သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့ စပေါ့ကျေးရွာ၌ ယမန်နေ့(ဇန်နဝါရီ ၃၀ရက်) ညက နွံကန်တစ် ကန်ထပ်ပြိုပြီး လူ သုံးဦးထပ်မံသေဆုံးခဲ့သည်။
” ပထမတခါက ပြိုတဲ့နွံကန်ဘေးကကန် ထပ်ပြိုတာ။ည ၁၀နာရီလောက်က ပြိုတာ။ ဘက်ဟိုးမောင်းသမားတွေ ပါသွားတာ။ ဘက်ဟိုးတွေနဲ့” ဟု ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူသုံးဦးမှာ ကိုဌေးနိုင်၊ကိုဟန်ဝင်းအောင်နှင့် ကိုဇေယျာဟိန်းတို့ဖြစ်ပြီး ရုပ်အလာင်းများ ရှာတွေ့ထားသည်။

Public Service Announcement
၎င်းတို့၏ မိသားစုများထံ လူမှုကူညီရေးအသင်းများက အကြောင်းကြားထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ရက်က နွံကန်ပြိုကျမှုတွင် လူ ၃၀ ကျော် သေဆုံးခဲ့ပြီး သုံးရက်ကြာ ရှာဖွေမှုအတွင်း ရုပ်အလောင်း ၃၁ လောင်း ပြန်ရှာတွေ့ခဲ့သည်။ နေအိမ် ၅၀ကျော်လည်း ပျက်စီးခဲ့သည်။
ဖားကန့်မြိုဘတွင် ဒေသခံများအတွက် အန္တရာယ်ရှိသော ကျောက်စိမ်းလုပ်ကွက်များ၊ နွံကန်များ ရှိနေသေးသည်ဟု ဒေသခံများကပြောသည်။
