Connect with us

Hi, what are you looking for?

သတင်း

၂၄ နာရီမပြည့်ခင် လက်မှတ်ရောင်းကုန်သွားတဲ့ Phyu Phyu in Korea

ကိုရီးယားနိုင်ငံမှာ ပြုလုပ််မယ့်ဖျော်ဖြေပွဲလက်မှတ်တွေ တစ်ရက်အတွင်းမှာ ရောင်းကုန်သွားတယ်လို့ တော်လှန်အနုပညာရှင်ဖြူဖြူကျော်သိန်းက အသိပေးထားပါတယ်။

ဆဏ်း/ People’s Spring

ကိုရီးယားနိုင်ငံမှာ ပြုလုပ််မယ့်ဖျော်ဖြေပွဲလက်မှတ်တွေ တစ်ရက်အတွင်းမှာ ရောင်းကုန်သွားတယ်လို့ တော်လှန်အနုပညာရှင်ဖြူဖြူကျော်သိန်းက အသိပေးထားပါတယ်။

“အကြူးကြမ်းသလို၊ အားပေးလည်းကြမ်းချက်နော်။

Phyu Phyu in Korea လက်မှတ်လေးတွေ အရောင်းဖွင့်တာ 24 နာရီမပြည့်ခင် အားလုံး ဆို့အောက်ပါတယ် တဲ့ ” လို့ဖြူဖြူကျော်သိန်းကရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၅ အတွက် ပထမဆုံးဖျော်ဖြေပွဲအနေနဲ့ ဖြူဖြူကျော်သိန်းရဲ့ တစ်ကိုယ်တော်ပွဲကို မတ်လ ၁ ရက် ကိုရီးယားနိုင်ငံမှာ ပြုလုပ်မှာဖြစ်ပြီးဖျော်ဖြေပွဲလက်မှတ်တွေကို ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။

ဒီပွဲကို ကိုရီးယားရောက်လူငယ်တွေက စုပေါင်းလုပ်ဆောင်ပေးတာဖြစ်ပြီး ပွဲစီစဉ်တဲ့ အတွေ့အကြုံ ရှိသူတွေမဟုတ်ပေမယ့် အသေးစိတ်ကအစ သေသေချာချာလုပ်ဆောင်ကြတယ်လို့ဖြူဖြူကျော်သိန်းက ဆိုပါတယ်။

အာဏာသိမ်းကာလမှာ ဖြူဖြူကျော်သိန်းရဲ့ ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲကို လန်ဒန်မြို့မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂ ရက်ကပြုလုပ်ခဲ့တာဖြစ်ပြီး ပရိသတ်တစ်ထောင်ကျော်လာရောက်ကြည့်ရှုခဲ့ပါတယ်။

ဖြူဖြူကျော်သိန်းက သူမရဲ့ ကျန်းမာရေး အခြေအနေအပေါ် မူတည်ပြီး တခြားနိုင်ငံတွေမှာလည်း တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေ ဆက်လုပ်သွားမယ်လို့ပြောထားပါတယ်။

ဒီပွဲတွေကို အနုပညာကြေးမယူဘဲ တော်လှန်ရေးအတွက် ရည်ရွယ်ဖျော်ဖြေပေးတာဖြစ်ပြီး နောက်ဆုံးဖျော်ဖြေပွဲကိုတော့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ဖို့ ဆန္ဒရှိတယ်လို့ ဖြူဖြူကျော်သိန်းကပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပရိသတ်တွေ့ဆုံပွဲ (Meet & Greet) အစီအစဉ်ကို ဒီကနေ့ (မေလ ၂၅) ပြုလုပ်ခဲ့ပါတယ်။

သတင်း

Chin Refugee Committee ရဲ့ ၂၅ နှစ်ပြည့်ပွဲမှာ ဖျော်ဖြေတင်ဆက်ပေးမယ့် အဆိုတော် ဖြူဖြူကျော်သိန်းက မလေးရှားနိုင်ငံကို မေ ၂၄ ရက်မှာ ရောက်ရှိလာပါပြီ။

သတင်း

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် Chin Refugee Committee (CRC)အသင်းရဲ့ ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားကို တက်ရောက်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံမယ် လို့ CRC က ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတကာကိုသွားရောက်ချိန်တိုင်းမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ပြီး အာဏာရှင်စနစ်အဆုံးသတ်သည်အထိ ပါဝင်သွားမယ်လို့ တော်လှန်အနုပညာရှင် မေမြတ်နိုးက ကတိပေးလိုက်ပါတယ်။