Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် တလုပ်ဒေသခံပြည်သူ ၅ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် တလုပ်မြို့ရွာက စစ်ကောင်စီအထိုင်စခန်းတွေတိုက်ခိုက်ခံရမှုအပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့ တလုပ်PDFတာဝန်ခံကိုသိန်းမောင်ကပြောပါတယ်။

ရှိန်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် တလုပ်မြို့ရွာက စစ်ကောင်စီအထိုင်စခန်းတွေတိုက်ခိုက်ခံရမှုအပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့ တလုပ်PDFတာဝန်ခံကိုသိန်းမောင်ကပြောပါတယ်။

စစ်တပ်က မတရားအာဏာသိမ်းမှု ၄နှစ်ပြည့်တဲ့​နေ့မှာ တလုပ်မြို့ရွာက စစ်တပ်အထိုင်စခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား၂၀ခန့် သေဆုံးခဲ့တယ်လို့ ကိုသိန်းမောင်ကပြောပါတယ်။

စစ်ကောင်စီတပ်တွေက တလုပ်မြို့ရွာရဲ့ တောင်ဘက်မှာ ဂိတ်စခန်းတစ်ခုချထားပြီး ကျေးရွာအတွင်းက ပြည်သူပိုင် RCနှစ်ထပ်တိုက်နှစ်လုံးပေါ်မှာ အထိုင်ချတပ်စွဲထားတာကြောင့် အဲဒီနေရာတွေကို ဝင်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ဖေဖော်ဝါရီ ၁ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က Y12နဲ့ အလုံး၅၀ကျော် ဗုံးကြဲခဲ့သလို မနေ့ညပိုင်းမှာလည်း ည၈နာရီကျော်နဲ့ ၉နာရီကျော်တို့မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီနေ့အထိရရှိထားတဲ့စာရင်းအရ အမျိုးသား၃ဦးနဲ့ အမျိုးသမီး၂ဦးသေဆုံးထားပြီး စိုးရိမ်ဒဏ်ရာရသူ ၇ဦးရှိတယ်လို့ သိရပါတယ်။

“မထွက်ဘဲနေတဲ့သူတချို့နဲ့ ညပိုင်းငြိမ်တယ်ဆိုပြီး ကိုယ့်အိမ်က ပစ္စည်းလေးတွေ ဝင်သယ်တဲ့သူတွေ ထိခိုက်ဒဏ်ရာတွေရတာပါ”လို့ ကိုသိန်းမောင်က ပြောပါတယ်။

တိုက်ပွဲအတွင်းမှာတော့ ရဲဘော်တစ်ဦးကျဆုံးပြီး ၆ဦး မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ တလုပ်မြို့ရွာကဒေသခံတွေ ရွာထဲပြန်ဝင်ဖို့ကြိုးစားရာမှာ ရွာအတွင်းကစစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်တာတွေကြောင့် ဒေသခံ ၁၀,၀၀၀ကျော်စစ်ဘေးရှောင်နေရတယ်လို့ ကိုသိန်းမောင်ကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။