Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် တလုပ်ဒေသခံပြည်သူ ၅ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် တလုပ်မြို့ရွာက စစ်ကောင်စီအထိုင်စခန်းတွေတိုက်ခိုက်ခံရမှုအပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့ တလုပ်PDFတာဝန်ခံကိုသိန်းမောင်ကပြောပါတယ်။

ရှိန်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် တလုပ်မြို့ရွာက စစ်ကောင်စီအထိုင်စခန်းတွေတိုက်ခိုက်ခံရမှုအပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့ တလုပ်PDFတာဝန်ခံကိုသိန်းမောင်ကပြောပါတယ်။

စစ်တပ်က မတရားအာဏာသိမ်းမှု ၄နှစ်ပြည့်တဲ့​နေ့မှာ တလုပ်မြို့ရွာက စစ်တပ်အထိုင်စခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား၂၀ခန့် သေဆုံးခဲ့တယ်လို့ ကိုသိန်းမောင်ကပြောပါတယ်။

စစ်ကောင်စီတပ်တွေက တလုပ်မြို့ရွာရဲ့ တောင်ဘက်မှာ ဂိတ်စခန်းတစ်ခုချထားပြီး ကျေးရွာအတွင်းက ပြည်သူပိုင် RCနှစ်ထပ်တိုက်နှစ်လုံးပေါ်မှာ အထိုင်ချတပ်စွဲထားတာကြောင့် အဲဒီနေရာတွေကို ဝင်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ဖေဖော်ဝါရီ ၁ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က Y12နဲ့ အလုံး၅၀ကျော် ဗုံးကြဲခဲ့သလို မနေ့ညပိုင်းမှာလည်း ည၈နာရီကျော်နဲ့ ၉နာရီကျော်တို့မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီနေ့အထိရရှိထားတဲ့စာရင်းအရ အမျိုးသား၃ဦးနဲ့ အမျိုးသမီး၂ဦးသေဆုံးထားပြီး စိုးရိမ်ဒဏ်ရာရသူ ၇ဦးရှိတယ်လို့ သိရပါတယ်။

“မထွက်ဘဲနေတဲ့သူတချို့နဲ့ ညပိုင်းငြိမ်တယ်ဆိုပြီး ကိုယ့်အိမ်က ပစ္စည်းလေးတွေ ဝင်သယ်တဲ့သူတွေ ထိခိုက်ဒဏ်ရာတွေရတာပါ”လို့ ကိုသိန်းမောင်က ပြောပါတယ်။

တိုက်ပွဲအတွင်းမှာတော့ ရဲဘော်တစ်ဦးကျဆုံးပြီး ၆ဦး မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ တလုပ်မြို့ရွာကဒေသခံတွေ ရွာထဲပြန်ဝင်ဖို့ကြိုးစားရာမှာ ရွာအတွင်းကစစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်တာတွေကြောင့် ဒေသခံ ၁၀,၀၀၀ကျော်စစ်ဘေးရှောင်နေရတယ်လို့ ကိုသိန်းမောင်ကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ပတ်လည်အင်းကျေးရွာကို စစ်တပ်က ဟောင်ဝစ်ဇာအ မြောက်နဲ့ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာတွေရခဲ့သလို ဒီနေ့လည်း စဥ့်ကူးမြို့နယ်ကိုလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင် ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သတင်းတာဝန်ခံဆီက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့လေကြောင်းတိုက်ခံရမှုမှာ ပြည်သူ ၅ဦးသေဆုံးခဲ့ပြီး (၄)နှစ်အရွယ်ကလေးငယ်အပါအဝင် ၂၀ဦး ဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းတာဝန်ခံက ပြောပါတယ်။

Short Story

ကုက္ကိုလ်ပင်ကြီးအောက်မှာ ကလေးတွေ ပျော်ရွှင်နေကြတယ်။ ကုက္ကိုလ်ပင်ကြီးက သက်တမ်းအားဖြင့် နှစ် ရာနဲ့ချီ ရှိလောက်ပါပြီ။ လက်ချင်းဆက်ပြီး အပင်ကြီးရဲ့လုံးပတ်ကို တိုင်းကြည့်ရင် လူကြီးအရွယ် ဆယ်ယောက်လောက် ဆက်ရမှာပါ။

သတင်း

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊နန်းဖဲကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီးနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။