Connect with us

Hi, what are you looking for?

သတင်း

TNLA နှင့် ပြဿနာဖြစ်ပွားမှု ရှေ့တန်းတပ်မှူးများ တွေ့ဆုံဖြေရှင်းပြီးဖြစ်ဟု KIA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသ အချို့၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တအာင်းတပ်မတော်(TNLA) အကြား နယ်မြေဆိုင်ရာ အငြင်းပွားပြီး ပြဿနာများဖြစ်ပွားခဲ့မှုကို သက်ဆိုင်ရာဒေသရှိ မြေပြင်တပ်မှူးများတွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်ခဲ့၍ လတ်တလောပြဿနာများ မရှိတော့ဟု KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA နှင့် TNLA တပ်မှူးများ ​တွေ့ဆုံဆွေး​နွေးပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-Kachin Offcial Page

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသ အချို့၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တအာင်းတပ်မတော်(TNLA) အကြား နယ်မြေဆိုင်ရာ အငြင်းပွားပြီး ပြဿနာများဖြစ်ပွားခဲ့မှုကို သက်ဆိုင်ရာဒေသရှိ မြေပြင်တပ်မှူးများတွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်ခဲ့၍ လတ်တလောပြဿနာများ မရှိတော့ဟု KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ အပါအဝင် ဒေသအချို့၌ ဇန်နဝါရီလတွင် KIA နှင့် TNLA မြေပြင်တပ်ဖွဲ့များအကြား ပြဿနာများ မကြာခဏ ဖြစ်ပွားခဲ့ရာ တိုက်ပွဲဖြစ်ပွားမှု ပစ်ခတ်မှုမရှိသော်လည်း အပြန်အလှန် အချင်းများမှုများ ရှိခဲ့သည်။

အဆိုပါ အခြေအနေနှင့်ပတ်သက်ပြီး မကြာသေးမီက KIAနှင့် TNLA သက်ဆိုင်ရာတပ်မှူးများတွေ့ဆုံခဲ့သည့် သတင်းများအပေါ် ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ဖြေကြားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“TNLAနဲ့ ဖြစ်တဲ့ပြဿနာတွေကတော့ဒေသခံ လူကြီးတွေနဲ့တွေ့ဆုံဆွေးနွေးပြီးမှအခု ဒီဘက်ပိုင်းကတော့ပြဿနာတွေမရှိတော့ဘူး။ ပြန်ငြိမ်သွားပါပြီနော်။ စာချုပ်တွေချုပ်ထားတာလောက်တော့မဟုတ်ပါဘူး။ ရှေ့တန်းကရှေ့တန်းမှူးတွေသူတို့ အချင်းချင်းတွေ့ပြီးတော့ အခုလိုမျိုးထိတွေ့ပွတ်တိုက်မှုမဖြစ်အောင်နှစ်ဖက်ကတော့ကိုယ့်ရဲ့လက်အောက်ငယ်သားတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ပြောထားတယ်လို့ ကြားပါတယ်။”ဟုဗိုလ်မှူးကြီးနော်ဘူကပြောသည်။

တွေ့ဆုံဆွေးနွေးမှု၌ သဘောတူညီချက်များအနက် လိုအပ်ပါက အချင်းချင်းအကြောင်းကြားပြီးသွားလာရန် ကိစ္စကို အချင်းချင်း ညှိနှိုင်းဖြေရှင်းခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

KIA နှင့် TNLA အကြား ပြဿနာ ဖြစ်ပွားမှု၊ ဆွေးနွေးဖြေရှင်းနိုင်မှု အခြေအနေများနှင့် ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးအား ယနေ့ (​ဖေ​ဖော်ဝါရီ ၄ရက်​နေ့) ထပ်မံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

သို့ရာတွင် TNLA ဥက္ကဋ္ဌအပါအဝင်ထိပ်ပိုင်းခေါင်းဆောင်များက မဟာမိတ်အချင်းချင်း အကြား ပြဿနာများကို နိုင်ငံရေးနည်းအရ ဆွေးနွေးဖြေရှင်းရမည်ဖြစ်ပြီး ဘုံရန်သူစစ်ကောင်စီကိုသာ ညီညွတ်စွာ တိုက်ခိုက်ကြရမည်ဟု သဘောထားများ ထုတ်ပြန်ပြောဆိုထားသည်။

KIA နှင့် TNLA တပ်မှူးများ ‌ဇန်နဝါရီ ၃၁ရက်က တွေဆုံခဲ့မှု မှတ်တမ်း အား ကချင် သတင်းရင်းမြစ်အချို့က လူမှုကွန်ရက်၌ ဖော်ပြထားသည်ကိုတွေ့ရစဉ်

ဆက်စပ်သတင်းများ

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

Facebook