Connect with us

Hi, what are you looking for?

သတင်း

ထိရောက်တဲ့ ကျားဖြန့် နှိမ်နင်းရေးတွေ မမြင်ရရင် မြဝတီနဲ့ ရွှေကုက္ကိုကို ဓါတ်အားဖြတ်တောက်မယ်လို့ ထိုင်းသတိပေး

အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)အပါအဝင် ဒုစရိုက် လှုပ်ရှားမှုတွေကို ထိထိရောက်ရောက် ဖြိုခွင်းအောင် အာဏာပိုင်တွေကို ဖိအားပေးတဲ့ အနေနဲ့ ထိုင်းအစိုးရဟာ မြန်မာဖက်ခြမ်းက ရွှေကုက္ကိုနဲ့ ကေကေပက်ခ် ဒေသတွေဆီ လျှပ်စစ်ဓါတ်အား ထောက်ပံ့မှု ဖြတ်တောက်ဖို့ စဉ်းစားနေကြောင်း ဒုတိယဝန်ကြီးချုပ်ကခြိမ်းခြောက်ပြောကြားလိုက်ပါတယ်။

တရုတ်ဒုဝန်ကြီးနဲ့ ထိုင်းအစိုးရတာဝန်ရှိသူ​တွေက ထိုင်းနယ်စပ်မှ မြဝတီဘက်ခြမ်းသို့ ဇန်နဝါရီလကုန်ပိုင်းမှာလာ​ရောက်ကြည့်ရှု့ခဲ့စဥ်။ဓါတ်ပုံ-The Reporter

အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)အပါအဝင် ဒုစရိုက် လှုပ်ရှားမှုတွေကို ထိထိရောက်ရောက် ဖြိုခွင်းအောင် အာဏာပိုင်တွေကို ဖိအားပေးတဲ့ အနေနဲ့ ထိုင်းအစိုးရဟာ မြန်မာဖက်ခြမ်းက ရွှေကုက္ကိုနဲ့ ကေကေပက်ခ် ဒေသတွေဆီ လျှပ်စစ်ဓါတ်အား ထောက်ပံ့မှု ဖြတ်တောက်ဖို့ စဉ်းစားနေကြောင်း ဒုတိယဝန်ကြီးချုပ်ကခြိမ်းခြောက်ပြောကြားလိုက်ပါတယ်။

တကယ်လို့ ထိုင်းနဲ့ နယ်စပ်တလျှောက်မှာ သောင်းကျန်းနေတဲ့ ဒုစရိုက် ဂိုဏ်းတွေကို ဒေသတွင်း အာဏာပိုင်တွေက ထိထိရောက်ရောက် အရေးမယူဘူးဆိုရင် ထိုင်းဖက်ကဓါတ်အားဖြတ်တောက်တဲ့ အခြေအနေနဲ့ ကြုံတွေ့ရမှာ ဖြစ်တယ်လို့ ထိုင်းကာကွယ်ရေး ဝန်ကြီးလည်းဖြစ်တဲ့ ဖုမ်သမ် ဝီချာယာချိုင်က ဖေဖော်ဝါရီ ၃ ရက်နေ့မှာ သဆိုခဲ့တာပါ။

မြဝတီ မြို့နယ်ထဲက KK Park နဲ့ ရွှေကုက္ကိုတို့ဟာ တရုတ် စီးပွားရေး လုပ်ငန်းရှင် အများစု ဖွင့်လှစ်ထားတဲ့ ငွေလိမ်ဂိုဏ်းတွေ၊ တရားမဝင် အွန်လိုင်း ကာစီနိုတွေအုံနဲ့ကျင်းနဲ့ တည်ရှိရာ နေရာတွေ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီ ဒုစရိုက် ဂိုဏ်းတွေနဲ့ ဆက်စပ်ပြီး တရုတ်နိုင်ငံသားတွေကို လူမှောင်ခိုကူးတဲ့ ရာဇဝတ်မှုတွေပါ မြင့်တက်လာတဲ့နောက် ထိုင်းဟာ ဒီပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ တရုတ်ဆီက ဖိအားပေးမှုကိုပါ ခံလာရပါတယ်။

ဖုမ်သမ်ကဥက္ကဋ္ဌအဖြစ်သူတာဝန်ယူထားတဲ့အမျိုးသား လုံခြုံရေး ကောင်စီ (NSC)ဟာရွှေကုက္ကိုနဲ့ ကေကေပက်ခ်တို့မှာ ဒုစရိုက် လှုပ်ရှားမှုတွေအပေါ် ထိရောက်တဲ့ အရေးယူမှုမျိုး မမြင်ရဘူးဆိုရင် သတိပေးတဲ့အနေနဲ့ ကနဦးအဆင့် ဓါတ်အား ထောက်ပံ့မှု ၅၀ ရာခိုင်နှုူန်း လျှော့ချမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒါကိုမှ ထူးခြားတဲ့ အပြောင်းအလဲတွေ ရှိမလာသေးဘူးဆိုရင်လုံးဝဥဿုံဓါတ်အားဖြတ်တောက်တာမျိုး အပါအဝင် ပြင်းထန်ကြမ်းတမ်းတဲ့ တုံ့ပြန်မှုတွေ ရှိလာမှာဖြစ်တယ်လို့သူကခြိမ်းခြောက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ ပိုင်နက်နဲ့ သောင်ရင်းမြစ်ကမ်းခြားပြီး တည်ရှိရာ ရွှေကုက္ကိုနဲ့ ကေကေပက်ခ်တို့ဆီ ဓါတ်အားဖြတ်တောက်တာဟာအရပ်သားတွေနဲ့ကောင်းရောင်းကောင်းဝယ် လုပ်ငန်းတွေကိုပါ နစ်နာ ထိခိုက်စေနိုင်တာကြောင့် သတိကြီးကြီးနဲ့ ချဉ်းကပ်ဖို့ လိုတယ်လို့ တချို့ ထိုင်းအာဏာပိုင်တွေကလည်း ပြောကြားထားပါတယ်။

NSC ရဲ့အတွင်းရေးမှူးချုပ်ချတ်ချိုင်ဘန်ချူရတ်ဒ်က သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေဟာ အဲဒီဓါတ်အားဖြတ်တောက်မှုမျိုးတကယ် အကောင်အထည် ဖော်မယ်ဆိုရင် ကိစ္စတိုင်းကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာဖို့ လိုတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ရုတ်တရက် ဓါတ်အား ဖြတ်တောက်မှုတွေဟာ ဓါတ်အား ဖြန့်ချိရေးဆိုင်ရာသဘောတူညီမှု စာချုပ်တွေကို ရှုပ်ထွေးသွားစေနိုင်သလို သာမန် အရပ်သား ပြည်သူတွေအပေါထိခိုက်သက်ရောက်မှုတွေလည်း ဖြစ်လာစေနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ လက်ရှိ ချုပ်ဆိုထားတဲ့ စာချုပ်တွေ သက်တမ်း ကုန်ဆုံးသွားရင်တော့ သက်တမ်း ဆက်မတိုးဘဲ ဓါတ်အား ထောက်ပံ့မှု ရပ်တန့်လိုက်တာမျိုး ဖြစ်နိုင်တယ်လို့တော့ ဆိုပါတယ်။ မြန်မာဖက်ခြမ်း နယ်စပ်ကို ဓါတ်အား ထောက်ပံ့ပေးနေတဲ့ စာချုပ်ပါ အချက်အလက် အသေးစိတ်ကို မထုတ်ပြန်ထားပေမယ့် အဲဒီစာချုပ်မျိုးဟာအများအားဖြင့် သက်တမ်း ၅ နှစ်လောက် ရှိတတ်တယ်လို့သိရပါတယ်။

ကိုးကား-The Nation

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

Facebook