Connect with us

Hi, what are you looking for?

သတင်း

နယ်စပ်ကျားဖြန့်ဂိုဏ်းတွေလက်ထဲက ဟောင်ကောင် အမျိုးသမီး တစ်ဦးကို ထိုင်းကယ်ဆယ်

မြန်မာဖက်ခြမ်း နယ်စပ်မှာ တရုတ် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)အတွက် အလုပ်လုပ်ပေးနေရတဲ့ ဟောင်ကောင် အမျိုးသမီး တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။

ပြန်လွတ်​မြောက်ခဲ့တဲ့ဟောင်​ကောင်အမျိုးသမီးနဲ့ထိုင်းရဲများ။ ဓါတ်ပုံ-The Reporter

မြန်မာဖက်ခြမ်း နယ်စပ်မှာ တရုတ် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)အတွက် အလုပ်လုပ်ပေးနေရတဲ့ ဟောင်ကောင် အမျိုးသမီး တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။

အသက် ၃၁ နှစ်အရွယ် ဟောင်ကောင် အမျိုးသမီးကို ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်တဲ့ မစ်ရှင် တစ်ခုမှာ အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့တာလို့ ဆိုပါတယ်။ ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့်ဂိုဏ်းတွေရဲ့ လူကုန်ကူးမှုတွေမှာ ဟောင်ကောင် နိုင်ငံသားတွေလည်း သားကောင်အဖြစ် ကျရောက်နေကြောင်း သတင်းပေး တိုင်ကြားမှုတွေကြောင့် ထိုင်းအာဏာပိုင်တွေက အဲဒီအပိုင်းက စေ့စေ့စပ်စပ် စုံစမ်း ကိုင်တွယ်နေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံသားလုပ်ငန်းရှင်အများစု ပိုင်ဆိုင်တဲ့ ကျားဖြန့်ဂိုဏ်းတွေဟာ လူကုန်ကူး ခံရသူတွေကို တရားမဝင် လုပ်ငန်းတွေအတွက်အဓမ္မဖိအားပေး ခိုင်းစေလေ့ ရှိတယ်လို့လည်း ထိုင်းရဲတွေက ပြောပါတယ်။

ဟောင်ကောင်နိုင်ငံသား ၁၂ ဦးထိကျားဖြန့်ဂိုဏ်းတွေရဲ့ အဓမ္မ ခိုင်းစေမှုတွေ ခံနေရတယ်လို့ ယုံကြည်ရကြောင်း ထိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဘုတ်အဖွဲ့ရုံး (ONCB)ဆီက အကြောင်းကြားမှုအရ အကောင်အထည် ဖော်ခဲ့တဲ့ မစ်ရှင်မှာ အဲဒီ ဟောင်ကောင် အမျိုးသမီးကို ဖေဖော်ဝါရီ ၂ ရက်နေ့က ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ONCBကထောက်လှမ်းရေးသတင်းတွေအရကျားဖြန့်ဂိုဏ်းတွေ လက်ထဲမှာ ရှိနေတဲ့ ဟောင်ကောင် နိုင်ငံသားတွေဟာ သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံ ပိုင်နက်ထဲ ခိုလှုံလာဖို့လိုလားနေကြတယ်လို့ ပြောပါတယ်။

အမျိုးသမီးဟာဖေဖော်ဝါရီ၂ ရက်နေ့မှာ ထိုင်းဖက်ခြမ်းမြစ်ကမ်းဆီချောချောမောမောပြန်ရောက်နိုင်ခဲ့ပြီး သူ့ကို ကယ်ထုတ်နိုင်ဖို့ မြဝတီဖက်ခြမ်းကဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA)နဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ထိုင်းစစ်တပ်က ဆိုပါတယ်။ အမျိုးသမီးကို အမြန်ဆုံး ဟောင်ကောင် ပြန်ပို့ပေးဖို့ စီစဉ်ထားကြောင်းလည်း ထိုင်းစစ်တပ်က အတည်ပြုသွားပါတယ်။

ကိုးကား- The Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်လုပ် တင့်ကားတွေ ကမ္ဘောဒီးယားဆီ ရောက်ရှိလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အလေးအနက် စောင့်ကြည့်နေကြောင်း သိရပါတယ်။

သတင်း

မြန်မာဖက်ခြမ်းတိုက်ပွဲတွေကနေထိုင်းပိုင်နက်ထဲ ကျည်ဆန်တွေလမ်းချော်ကျရောက်လာတဲ့နောက် ထိုင်းစစ်တပ်ကသတိပေးပစ်ခတ်ခဲ့တယ်လို့ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

သတင်း

နယ်စပ်မြို့ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မယ်ကုရပ်ကွက် 7/11စတိုးဆိုင်အနီးမှာ မြန်မာ လူငယ် နှစ်ဦးက ထိုင်းရဲတပ်ဖွဲ့ဝင်အား သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားရာ လတ်မြောက်နေသူကို ထိုင်းစစ်တပ်က အပူတပြင်းရှာဖွေနေပါတယ်။

သတင်း

ထိုင်းနိုင်ငံ ၊မြောက်ပိုင်းကချင်းမိုင်ပြည်နယ်ထဲမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၂၀ ကို ထိုင်းအာဏာပိုင်​တွေကဖမ်းဆီးရမိခဲ့ပါတယ်။