Connect with us

Hi, what are you looking for?

သတင်း

မြဝတီဒေသခံများ ယနေ့ စက်သုံးဆီဝယ်ယူမှုမြင်ကွင်း

ထိုင်း – မြန်မာနယ်စပ် မြန်မာဘက်ခြမ်း မြဝတီဒေသဆီ လျှပ်စစ်မီးဖြန့်ဖြူးတာကို ထိုင်းဘက်က ဒီနေ့မှာ စတင်ဖြတ်တောက်လိုက်ပြီးနောက် မြဝတီမြို့ကဒေသခံတွေဟာ စက်သုံးဆီကြိုတင်ဝယ်ယူစုဆောင်းတာတွေ လုပ်ဆောင်နေကြပါတယ်။

ဓာတ်ပုံ - ပေးပို့

People’s Spring

ထိုင်း – မြန်မာနယ်စပ် မြန်မာဘက်ခြမ်း မြဝတီဒေသဆီ လျှပ်စစ်မီးဖြန့်ဖြူးတာကို ထိုင်းဘက်က ဒီနေ့မှာ စတင်ဖြတ်တောက်လိုက်ပြီးနောက် မြဝတီမြို့ကဒေသခံတွေဟာ စက်သုံးဆီကြိုတင်ဝယ်ယူစုဆောင်းတာတွေ လုပ်ဆောင်နေကြပါတယ်။

မြန်မာဘက်နယ်စပ်ဆီ လျှပ်စစ်မီးအပြင် လောင်စာဆီပါ ဖြတ်တောက်ဖို့ ထိုင်းဝန်ကြီးချုပ်က ညွှန်ကြား လိုက်ပြီးနောက် ဒီမနက်မှာ လျှပ်စစ်မီး စတင်ဖြတ်တောက်ခံရတာလို့သိရပါတယ်။

စက်သုံးဆီပါ ဖြတ်တောက်ခံရလာနိုင်တဲ့ သတင်းတွေထွက်လာတဲ့အတွက် မြဝတီမြို့ခံတွေဟာစက်သုံးဆီဆိုင်တွေမှာ ဆိုင်ကယ်၊ ကားတွေကို ကြိုတင် စက်သုံးဆီဖြည့်တင်းလာတာကြောင့် တန်းစီစောင့်ဆိုင်းဝယ်ယူရတဲ့အခြေအနေ ဒီမနက်မှာ ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် လျှပ်စစ်မီးဖြတ်တောက်တာကြောင့် မြဝတီမြို့က ပြည်သူ့ဆေးရုံကြီးနဲ့ အောက်ဆီဂျင်စက်ရုံတို့ဟာ လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်းခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ – ပေးပို့

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

စစ်တပ်က ဆီဆိုင်တွေကို ခွဲတမ်း​လျှော့

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်အနီးက ရေပူရာဘာခြံအနီးမှာ ကားဗုံးပေါက်ကွဲမှုဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNA)အဖွဲ့က တပ်သားအချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကနဦး သတင်းရရှိပါတယ်။