Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုအနောက်ခြမ်း ညောင်ကိုင်းရှိ ပျူနဲ့ စစ်သားတွေ အလင်းဝင်ဖို့ ဖိတ်ခေါ်စာ ဒရုန်းနဲ့ကြဲချ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း ညောင်ကိုင်းပြည်သူ့စစ်ရွာမှ ပျူစောထီးတွေနဲ့ အရာရှိစစ်သည်တွေ လက်နက်ချအလင်းဝင်ဖို့ ဖိတ်ခေါ်ထားပြီး အလင်းမဝင်ရင် ထိရောက်စွာအရေးယူသွားမယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း ညောင်ကိုင်းပြည်သူ့စစ်ရွာမှ ပျူစောထီးတွေနဲ့ အရာရှိစစ်သည်တွေ လက်နက်ချအလင်းဝင်ဖို့ ဖိတ်ခေါ်ထားပြီး အလင်းမဝင်ရင် ထိရောက်စွာအရေးယူသွားမယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ဖေဖော်ဝါရီ ၅ရက် ဒီနေ့မနက် ၁၀နာရီလောက်မှာ ညောင်ကိုင်းပျူရွာကို ရွှေဘိုမြို့နယ် ပကဖက အလင်းဝင်ဖို့ ဖိတ်ခေါ်စာတွေနဲ့ ဆက်သွယ်အလင်းဝင်ရမယ့် ဖုန်းနံပါတ်တွေပါစာရွက်တွေကို ဒရုန်းနဲ့ကြဲချခဲ့တာလို့ သိရပါတယ်။

“အလင်းဝင်လာဖို့လည်း ကြိုဆိုတယ်။ လူ့အခွင့်အရေးနဲ့အညီလည်း ထားပေးတယ်။ ထွက်မလာခဲ့တာတွေရှိခဲ့ရင် ချေမှုန်းဖို့ကတော့ စစ်ရေးအရ အကုန်လုံးပြင်ဆင်ထားပြီးသားပါ”လို့ မြို့နယ်ပကဖတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ် ပကဖက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အလင်းဝင်ကြဖို့၊ လက်နက်ချကြဖို့ တိုက်တွန်းထားပြီး အလင်းဝင်လာသူတွေရဲ့ အသက်လုံခြုံမှုကို အာမခံတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၃၀ရက်နဲ့ ဖေဖော်ဝါရီ ၂ရက်နေ့တွေက အဲဒီရွာမှ လက်နက်ပါပျူစောထီး ၂ဦး အလင်းဝင်ထားတယ်လို့ သိရပါတယ်။

နောက်ထပ်အလင်းဝင်လာမည့်သူများကိုလည်း အနီးစပ်ဆုံးနေရာအထိ လာရောက်ခေါ်ယူပေးသွားမှာဖြစ်ပြီး အဲဒီကျေးရွာကိုလည်း တော်လှန်ရေးတပ်တွေက ရိက္ခာဖြတ်တောက် ပိတ်ဆို့ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။