Connect with us

Hi, what are you looking for?

သတင်း

ထိုင်းကာကွယ်ရေးဝန်ကြီး မဲဆောက်ကိုရောက်လာပြီး နယ်စပ်ကို စစ်ဆေး

မြန်မာဘက်ခြမ်းက နေရာ ၅ ခုဆီ မီးပေးတာကို ဖြတ်တောက်ပြီး နောက်ရက်မှာ ထိုင်းကာကွယ်ရေးဝန်ကြီး ဖုန်သမ် ဝီချာရာချိုင်က မဲဆောက်မြို့ကို လာရောက်ခဲ့ပြီး နယ်စပ်အခြေအနေကိုသွားရောက်စစ်ဆေးခဲ့ပါတယ်။

ဓာတ်ပုံ - The Reporters

People’s Spring

မြန်မာဘက်ခြမ်းက နေရာ ၅ ခုဆီ မီးပေးတာကို ဖြတ်တောက်ပြီး နောက်ရက်မှာ ထိုင်းကာကွယ်ရေးဝန်ကြီး ဖုန်သမ် ဝီချာရာချိုင်က မဲဆောက်မြို့ကို လာရောက်ခဲ့ပြီး နယ်စပ်အခြေအနေကိုသွားရောက်စစ်ဆေးခဲ့ပါတယ်။

ထိုင်းအစိုးရအဖွဲ့ရဲ့ ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေး ဝန်ကြီးဖြစ်သူ ဖုန်သမ်ဝီချာရာချိုင်က မြန်မာဖက်ကို နယ်စပ်ဖြတ်ကျော် ဓာတ်အား ထောက်ပံ့နေတဲ့ နေရာတွေထဲက ကျားဖြန့်လုပ်ငန်းတွေ အဓိက တည်ရှိရာ မြဝတီမြို့နယ် ကို ချက်ချင်း ဓာတ်အား ဖြတ်တောက်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် မနေ့ မနက်ပိုင်းကစတင်ပြီး ထိုင်းဘက်ခြမ်းက မီးပေးတာကို ဖြတ်တောက်လိုက်တာပါ။

Public Service Announcement

Public Service Announcement

ထိုင်းသတင်းမီဒီယာ The Reporters ရဲ့ ဖော်ပြတဲ့သတင်းဓာတ်ပုံတွေအရ ထိုင်းကာကွယ်ရေးဝန်ကြီးဟာ ဒီနေ့မှာ မဲဆောက်ကိုရောက်လာခဲ့ပြီး ထိုင်း – မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တံတားကိုသွားရောက်ခဲ့တာသိရပါတယ်။

နယ်စပ်တလျှောက် ထိုင်းဘက်ခြမ်းမှာလည်း ထိုင်းစစ်တပ်ကို လုံခြုံရေးချပြီး တပ်ဖြန့်ထားတာလည်းတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကျောင်းခန်းထဲကနေ တညီတညွတ်ထဲမဟုတ်ဘဲ လုံးထွေးနေတဲ့ အသံတစ်ချို့ ပျံလွင့်လို့နေပါတယ်။ ကျောင်းသူတစ်ယောက်က နံရံပေါ်မှာ ကပ်ထားတဲ့ ကျောင်းစည်းကမ်းတွေကို ဦးဆောင်ဖတ်ပြနေတာဖြစ်ပြီးကျန်တဲ့ကျောင်းသူကျောင်းသားတွေက နောက်ကနေ လိုက်ဆို နေကြတာပါ။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

မြန်မာနိုင်ငံသားအမျိုးသားတဦးကိုဒရုန်းမှောင်ခိုမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်မှာ အွန်လိုင်း လောင်းကစားဝက်ဘ်ဆိုက် တစ်ခုအတွက် အလုပ်လုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ အမျိုးသမီး နှစ်ဦးကို ဆိုက်ဘာ လုံခြုံရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

Facebook