People’s Spring
မြန်မာဘက်ခြမ်းက နေရာ ၅ ခုဆီ မီးပေးတာကို ဖြတ်တောက်ပြီး နောက်ရက်မှာ ထိုင်းကာကွယ်ရေးဝန်ကြီး ဖုန်သမ် ဝီချာရာချိုင်က မဲဆောက်မြို့ကို လာရောက်ခဲ့ပြီး နယ်စပ်အခြေအနေကိုသွားရောက်စစ်ဆေးခဲ့ပါတယ်။
ထိုင်းအစိုးရအဖွဲ့ရဲ့ ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေး ဝန်ကြီးဖြစ်သူ ဖုန်သမ်ဝီချာရာချိုင်က မြန်မာဖက်ကို နယ်စပ်ဖြတ်ကျော် ဓာတ်အား ထောက်ပံ့နေတဲ့ နေရာတွေထဲက ကျားဖြန့်လုပ်ငန်းတွေ အဓိက တည်ရှိရာ မြဝတီမြို့နယ် ကို ချက်ချင်း ဓာတ်အား ဖြတ်တောက်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ပြောဆိုခဲ့ပါတယ်။
အဲဒီနောက် မနေ့ မနက်ပိုင်းကစတင်ပြီး ထိုင်းဘက်ခြမ်းက မီးပေးတာကို ဖြတ်တောက်လိုက်တာပါ။

Public Service Announcement
ထိုင်းသတင်းမီဒီယာ The Reporters ရဲ့ ဖော်ပြတဲ့သတင်းဓာတ်ပုံတွေအရ ထိုင်းကာကွယ်ရေးဝန်ကြီးဟာ ဒီနေ့မှာ မဲဆောက်ကိုရောက်လာခဲ့ပြီး ထိုင်း – မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တံတားကိုသွားရောက်ခဲ့တာသိရပါတယ်။
နယ်စပ်တလျှောက် ထိုင်းဘက်ခြမ်းမှာလည်း ထိုင်းစစ်တပ်ကို လုံခြုံရေးချပြီး တပ်ဖြန့်ထားတာလည်းတွေ့ရပါတယ်။
