Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနိုင်ငံသို့ဝင်ရောက်ရန်ကြိုးပမ်းသည့် လူငယ်များ နယ်စပ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုခံရပြီး တစ်ဦးသေဆုံး၊ ခြောက်ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်ရန် နယ်စပ်အနီး သုသာန်တစ်ခုတွင် ပွဲစား၏အစီအစဥ်အတိုင်း ပုန်းအောင်းနေသည့် လူငယ်များကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်။

ကဖေး/People’s Spring

ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်ရန် နယ်စပ်အနီး သုသာန်တစ်ခုတွင် ပွဲစား၏အစီအစဥ်အတိုင်း ပုန်းအောင်းနေသည့် လူငယ်များကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်။

ပြီးခဲ့သည့် ဖေဖောိဝါရီ ၅ရက်က ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်ရန် ကြိုးပမ်းသူ လူငယ် ၆၀ဦးသည် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ထောင်ခမတ်ကျေးရွာ သုသာန်အတွင်း ပုန်းနေစဉ် စစ်ကောင်စီတပ်က စီးနင်းပစ်ခတ်ခြင်းဖြစ်သည်။

” ခိုးဝင်မယ့် မြန်မာတွေ ရောက်နေတယ်ဆိုပြီး ထောင်ခမတ်အုပ်ကြီးက လှမ်းအကြောင်းကြားတာတဲ့။ စစ်တပ်က ပစ်ဖမ်းတာရှင်”ဟု ဘုတ်ပြင်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အသက် (၂၀)အရွယ်လူငယ်တစ်ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရကာ တစ်ဦးမှာ စိုးရိမ်ရကြောင်း သတင်းရရှိသည်။

ထို့အပြင် လူငယ်အားလုံးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ဒဏ်ရာရသည့် ခြောက်ဦးကို ဆေးရုံ၌ပြီး ကျန် ၅၃ဦးကို ဘုတ်ပြင်းအားကစားရုံ၌ ထားရှိကြောင်း သတင်းရရှိသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ဖမ်းဆီးနေခြင်းကြောင့် ပြည်ပနိုင်ငံထွက်၍ အလုပ်လုပ်ရန် ကြိုးစားနေသူများသည် ပွဲစားများမှတဆင့် တရားမဝင်ထွက်နေကြသည်။ အများစုမှာ အိမ်နီးခြင်း ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန်ကြိုးပမ်းနေကြသည်။

ထိုသို့ ထွက်ခွာရန် ကြိုးပမ်းစဉ် ထိုင်းနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရခြင်း၊ လမ်းခုလတ်၌ ကားမှောက်သေဆုံးခြင်း၊ တောလမ်းများ၌ ထားခဲ့ခံရခြင်းများ ရင်ဆိုင်နေရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ မြေအောင်း ဘက်တီးရီးယား ကူးစက်မှုတစ်ခု ဆိုးရွားလာတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အလေးအနက် သတိပေးထားပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ လောင်စာဆီ လက်ကျန် သိုလှောင်ထားနိုင်စွမ်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့ အစိုးရကို ထိုင်းအတိုက်အခံ ခေါင်းဆောင်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အခုနှစ်အတွက် ခွေးရူးပြန်ရောဂါနဲ့ ပထမဆုံး သေဆုံးသူဟာ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း Straitstime သတင်းဌာနက​ဖော်ပြပါတယ်။

နိုင်ငံတကာ

ထိုင်းရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ် တစ်ခုမှာ မဲရေတွက်မှု မူမမှန်တဲ့ ကိစ္စတွေ ရှိနိုင်ကြောင်း စွပ်စွဲမှုတွေကြောင့် မဲတွေ ပြန်ရေတွက်ပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်နေပါတယ်။