Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်အတွင်း စစ်ရေးပြင်းထန်နေ၍ ပြည်သူများ သတိပြုနေထိုင်ကြရန် PDF အသိပေး

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအနှံ့အပြားတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဘက်တိုက်ပွဲများပြင်းထန်နေ၍ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)က အသိပေးထုတ်ပြန်သည်။

မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း (၁)မှ ရဲဘော်အချို့ကိုတွေ့ရစဥ်။ ဓာတ်ပုံ - စစ်ကြောင်း ၁

ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအနှံ့အပြားတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဘက်တိုက်ပွဲများပြင်းထန်နေ၍ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)က အသိပေးထုတ်ပြန်သည်။

မြို့နယ်အတွင်းရှိ ညောင်ပင်ကွင်း၊ ထုံမခါ၊ ထုံတော်၊ သိမ်ခွန်း၊ ငါးမိုင်၊ခြောက်မိုင်၊ ကွင်းသစ်နှင့် ဗောဓိကမ်းစသည့်ကျေးရွာအနှံ့အပြားတွင် စစ်ကောင်စီတပ်နှင့် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ် ကြောင်း(၁)တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိပါသည်ဟု ဖော်ပြသည်။

ထို့ကြောင့် အဆိုပါကျေးရွာများတွင် နေထိုင်သော ကျေးရွာနေပြည်သူများအနေဖြင့်စစ်ကောင်စီနှင့် လုံးဝ(လုံးဝ) ပတ်သက်ခြင်းမပြုဘဲ ဝေးဝေးနေပေးကြပါရန် လေးစားစွာဖြင့် အထူးသတိပေးထုတ်ပြန်လိုက်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျေးရွာအားလုံး ခြုံပြောရရင် (နှစ်ဘက်) တိုက်ပွဲက တစ်လကျော်ပြီ”ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)မှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြော သည်။

နှစ်ဘက်တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၀ ကျော်သေဆုံး၍ ဒဏ်ရာရသူများလည်း အများအပြားရှိသည်ဟု ဆိုသည်။

ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း ရဲဘော်အချို့ထိခိုက်ကျဆုံးမှုရှိရာ အခြေအနေအပြည့်အစုံကို နှစ်ဘက်တိုက်ပွဲများ ပြီးဆုံးပြီးမှသာ အသိပေးထုတ်ပြန်သွားမည်ဟု ၎င်းက ဆက်ပြော သည်။

ထို့အပြင် နှစ်ဘက်တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ အထိနာ၍ လေကြောင်းပစ်ကူ အကြိမ်ရေ ၂၀ထက်မနည်း လုပ်ဆောင်ထားပြီး ယင်းလေကြောင်းပစ်ခတ်မှုများတွင် ပြည်သူထိခိုက်ဒဏ်ရာရမှုများလည်း ရှိခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)က အသိပေးသည်။

အလားတူ အင်အားအလုံးအရင်းဖြင့် ကျေးရွာများသို့ ဝင်ရောက်စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များသည် ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များ ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများအား လုယက်ဖောက်ထွင်းခိုးယူခြင်းများရှိနေခြင်းကြောင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက အပြင်းအထန်ခုခံတိုက်ထုတ်နေခြင်းဖြစ်ကြောင်းလည်း စစ်ကြောင်း(၁)က အသိပေးထုတ်ပြန်သည်။

ထို့အပြင် တနင်္သာရီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတိပေးထုတ်ပြန်ချက်များအား ဂရုပြုလိုက်နာရန်လိုအပ်ပြီး အကယ်၍ လိုက်နာခြင်းမရှိပါက ထိခိုက်မှုများဖြစ်ပေါ်လာလျှင် မိမိတာဝန်သာဖြစ်ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)က ထပ်မံသတိပေး ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၃)ထံသို့ ဒုတိယအကြိမ်အဖြစ် လက်နက်များ တပ်ဆင်ပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တနင်္သာရီတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ဧပြီ ၁၁ရက်ကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PDF မြိတ်ခရိုင် အမှတ်(၂) တပ်ရင်းက ဒီကနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၄)နယ်မြေအတွင်း ကျေးရွာတခုရှိ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုရားကျောင်းမှာ ကျမ်းစာသင်တန်းနဲ့ ဂီတသင်တန်းတက်နေတဲ့ ကလေးငယ်များစွာ သေဆုံးထိခိုက်ခဲ့ရာ ဒဏ်ရာရသူတွေဟာ ပြင်းထန်လို့ ထပ်မံသေဆုံးမှုရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီမြို့နယ်က တကူကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ၄ဦး သေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။