Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းရန်အိမ်ထဲဝင်ဖမ်းသည့် ရဲ နှင့် ပျူကို ဓားနှင့်ပြန်ခုတ်သော မိသားစု ဘေးကင်း

အောင်လံမြို့တွင် စစ်မှုထမ်းရန်နေအိမ်ထဲဝင်ဖမ်းသည့် ရဲတပ်ကြပ်တစ်ဦးနှင့် ပျူစောထီးတစ်ဦးကို ဓားနှင့်ခုတ်ကာ ပြန်လည်ခုခံခဲ့သည့်မိသားစု ဘေးကင်းလုံခြုံစွာရှိနေကြောင်းသရက်ခရိုင်အမှတ်(၂)တပ်ရင်း၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် -အောင်လံမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဓမ္မစစ်သားစု​​ဆောင်းရန် အိမ်အတွင်းဝင်လူဆွဲရာမှ ဓါးဖြင့်ခုတ်ခံရပြီး​သေဆုံးခဲ့​သော ရဲတပ်ကြပ်ကြီး ​ကျော်သူရ။ ဓါတ်ပုံ-​ကျော်သူရ​ဖေ့စ်ဘွခ်

ကျော်ဇော/People’s Spring

အောင်လံမြို့တွင် စစ်မှုထမ်းရန်နေအိမ်ထဲဝင်ဖမ်းသည့် ရဲတပ်ကြပ်တစ်ဦးနှင့် ပျူစောထီးတစ်ဦးကို ဓားနှင့်ခုတ်ကာ ပြန်လည်ခုခံခဲ့သည့်မိသားစု ဘေးကင်းလုံခြုံစွာရှိနေကြောင်းသရက်ခရိုင်အမှတ်(၂)တပ်ရင်း၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် -အောင်လံမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ညနေပိုင်းက အောင်လံမြို့၊ မကျည်းကုန်းရပ်ကွက်၊ သဇင်လမ်းသွယ်ရှိနေအိမ်တစ်အိမ်ကို စစ်ကောင်စီ ရဲတပ်ကြပ်ကြီးကျော်သူရနှင့် ပျူစောထီး ငထွန်းဆိုသူတို့က အသက် ၃၃ နှစ်အရွယ်အ မျိုးသားတစ်ဦးကို ဝင်ရောက်ဖမ်းဆီးရာ မိ သားစုက ဓားနှင့်ထွက်ခုတ်ပြီး တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရဲတပ်ကြပ်ကြီး ကျော်သူရနှင့် ပျူစောထီးငထွန်းတို့နှစ်ဦး ဓာတ်းခုတ်ခံရ၍ သေ ဆုံးသွားရာ စစ်မှုထမ်းကိစ္စအား လက်မခံဘဲ ပြန်လည်လက်တုန့်ပြန်ခဲ့သည့် မိသားစုမှာ စစ်ကောင်စီရန်ကြောင့် ဘေးလွတ်ရာသို့ ထွက် ပြေးနေရခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“လောလောဆယ် လုံခြုံရေးအခြေအနေအရ (တိတိကျကျ)ပြောလို့မရပေမဲ့ အခုထိတော့ ဘေးကင်းပါတယ်ခင်ဗျ”ဟု သရက်ခရိုင် အ မှတ်(၂)

တပ်ရင်း၊ မကွေးတိုင်း ပြည်သူ့ကာ ကွယ်ရေးတပ်-အောင်လံမှ ပြောခွင့်ရသူတစ်ဦးကလူထုနွေဦးသို့ ပြောသည်။

စစ်မှုထမ်းကိစ္စ အဓမ္မဝင်ဖမ်းသည့် စစ်ကောင် စီ ရဲနှင့် ပျူစောထီးတစ်ဦးကို ခုခံတုန့်ပြန်ခဲ့သည့်လူငယ်တွင် ညီအစ်ကိုလေးယောက်ရှိပြီး လက်ရှိအခြေအနေတွင် မိသားစုဝင်အားလုံး ဘေးကင်းစွာရှိနေကြောင်း ၎င်းပြောခွင့်ရသူက ဆက်ပြောသည်။ သို့သော် ထွက်ပြေးလွတ်မြောက်လာသည့် မိသားစုဝင်အရေ အတွက် အတိအကျကိုမူ လုံခြုံရေးအခြေ အနေအရ လတ်တလောဖြေကြားနိုင်ခြင်းမရှိသေးကြောင်း အထက်ပါ ပြောခွင့်ရသူက ငြင်းဆန်ထားသည်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် ပျူစောထီးတစ်ဦးအား ဓါးဖြင့်ခုတ်ကာ ပြန်လည်ခုခံခဲ့သော လူငယ်အမျိုး သားမှာ ယခင်လကတည်းက စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဥ်အတွက် အဓမ္မလူသစ်စုစောင်းခံရ၍ စစ်သင်တန်းပို့ခံထားရသူတစ်ဦးဖြစ်ပြီး စစ်မှုထမ်းသင်းတန်းဆင်းချိန်၌ ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ကြောင်း သရက်ခရိုင် အမှတ်(၂)တပ်ရင်းက အတည်ပြုသည်။ ၎င်းထွက်ပြေးလွတ် မြောက်လာသူ၏ စစ်မှုထမ်းသင်တန်းအမှတ်စဥ်နှင့် တာဝန်ချထားခံရသည့် စစ်ကောင်စီတပ်ရင်းအမှတ်ကိုမူ တိတိကျကျ မသိရသေးပေ။

“ပြည်သူတွေ အနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ဆိုတာ ရှိနေပြီးဖြစ်တဲ့အတွက် ဒါဟာ နမူနာပါပဲ။ အဲလိုတုန့်ပြန်ရဲလာတဲ့ သတ္တိတွေရှိလာရင်တော့ တော်လှန်ရေးဟာ မဝေးတော့ပါဘူး”ဟု စစ်ကောင်စီ၏ စစ်မှုထမ်းကိစ္စ အဓမ္မလူစုစောင်းနေသည့်အပေါ် သရက်ခရိုင် အမှတ်(၂)တပ်ရင်းမှ တာဝန်ရှိသူက ပြည်သူများထံ သတင်းစကားပါးသည်။

စစ်မှုထမ်းကိစ္စအပါအဝင် စစ်ကောင်စီ၏ အနိုင်ကျင့်ဗိုလ်ကျမှုများအပေါ် ခေါင်းငုံ့မခံဘဲ ယခုအောင်လံမြို့ဖြစ်စဥ်ကဲ့သို့ ရရာနည်းဖြင့် လက်တုန့်ပြန်ကြမည်ဆိုပါက ပြည်သူ များအနေနှင့် တော်လှန်ရေးအင်အားစုများနှင့် စနစ်တကျ ချိတ်ဆက်ဆောင်ရွက်ကြရန် လို အပ်ကြောင်းလည်း တပ်ရင်း(၂)မှ တာဝန်ရှိသူက အကြံပြုသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းကိစ္စ အဓမ္မလူစုစောင်းမှုနှင့်စပ်လျဥ်းပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၌ စစ်မှုထမ်းလူစာရင်းလိုက်ကောက်သည့် စစ်ကောင်စီရာအိမ်မှူးတစ်ဦးအပါအဝင် သုံးဦးကို အိမ်ရှင်ဖြစ်သူက ဓာတ် ဆီပက်မီးရှို့၍ တုန့်ပြန်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

Facebook