Connect with us

Hi, what are you looking for?

သတင်း

မုံရွာ ချောင်းဦးနယ်ကို စစ်တပ်လက်နက်ကြီးနဲ့ပစ်ခတ်လို့ နှစ်ရက်အတွင်း ပြည်သူ ၄ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နှစ်ရက်အတွင်း ပြည်သူ ၄ဦးသေဆုံးပြီး ၅ဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ရက်မှာ လက်နက်ကြီးကျည်ထိမှန်လို့ ကျီကုန်းရွာက ဒဏ်ရာရ ကလေးငယ်တစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - Chaung U Revolution News

ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နှစ်ရက်အတွင်း ပြည်သူ ၄ ဦးသေဆုံးပြီး ၅ဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ရက် မနေ့ ညနေ ၅နာရီဝန်းကျင်မှာ ချောင်းဦးမြို့နယ် မြပုလဲ စစ်တပ်ဂိတ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ စစ်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ကျီကုန်းကျေးရွာထဲကို ကျပြီး ပြည်သူနှစ်ဦးသေဆုံးကာ အသက် ၅နှစ်အရွယ် ကလေးတစ်ဦး၊ လူလတ်ပိုင်းအမျိုးသားနဲ့ အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့(ဖေဖော်ဝါရီ ၁၉ရက်) မနက် ၁၁နာရီဝန်းကျင်ကလည်း ချောင်းဦးမြို့နယ် ခင်မွန်ဘက်စုံခြံ(ခင်မွန်ရွာက စစ်တပ်စိုက်ပျိုးရေးတပ်)ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် မုံရွာမြို့နယ်အတွင်းက စစ်ရှောင်ပြည်သူတွေ နေတဲ့နေရာကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကြီးကြောင့် အသက် ၇၀ကျော်အရွယ်အဘွားအိုတစ်ဦးနဲ့ အသက် ၅နှစ်အရွယ် ကလေးငယ်တို့ သေဆုံးခဲ့ပြီး ၂ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“မုံရွာနယ်ထဲက စစ်ဘေးရှောင်တွေနေတဲ့နေရာပါ။ သေတဲ့သူတွေကလည်း စစ်ရှောင်နေကြတဲ့သူတွေ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း မည်သည့်သတင်းမျှမထွက်ဘဲ စစ်တပ်က မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တပတ်အတွင်း အရပ်သားပြည်သူ ၁၅ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook