Connect with us

Hi, what are you looking for?

သတင်း

မြဝတီမှာ တရားမဝင် နိုင်ငံခြားသား ၂,၀၀၀ ကျော်တွေ့ရှိတယ်လို့စစ်ကောင်စီဆို

ကရင်ပြည်နယ်၊မြဝတီမြို့နယ်ထဲ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၂,၀၀၀ ကျော်စစ်ဆေးတွေ့ရှိရပြီး ၆၀၀ ကျော်ကို တော့ ထိုင်းကနေ တဆင့် သက်ဆိုင်ရာ နိုင်ငံတွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ အာဏာသိမ်းစစ်ကောင်စီက သတင်းဖော်ပြပါတယ်။

ဓာတ်ပုံ - စစ်ကောင်စီ

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၂,၀၀၀ ကျော်စစ်ဆေးတွေ့ရှိရပြီး ၆၀၀ ကျော်ကို တော့ ထိုင်းကနေ တဆင့် သက်ဆိုင်ရာ နိုင်ငံတွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ အာဏာသိမ်းစစ်ကောင်စီက သတင်းဖော်ပြပါတယ်။

ဇန်နဝါရီလ ၃၀ ရက်ကနေ ဖေဖော်ဝါရီ ၂၃ ရက်အထိ တရားမဝင် နိုင်ငံခြားသား ၂,၂၀၀ ဦးကို စစ်ဆေးဖော်ထုတ်နိုင်ပြီး အဲဒီအထဲက ၆၇၃ ဦးကို ထိုင်ဘက်ဆီလွှဲပေးခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ကျန်တဲ့ လူ ၁,၅၀၀ ကျော်ကို သက်ဆိုင်ရာနိုင်ငံတွေဆီ လွှဲပေးဖို့ ဆက်လက် ထိန်းသိမ်းထားတယ်လို့ စစ်ကောင်စီက သတင်းဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့က ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ တရုတ်နဲ့ ထိုင်းဘက်က ဖိအားပေးလာချိန်မှာ စစ်ကောင်စီ က ထုတ်ပြန်လာတာပါ။

စစ်ကောင်စီဘက်ကတော့ မြန်မာဘက်ခြမ်းက ကျားဖြန့်လုပ်ငန်းတွေဟာ KNU ထိန်းချုပ်ရာ KK Park နဲ့ BGF နယ်မြေ ရွှေကုက္ကိုလ် မြို့သစ်တို့မှာ ရှိတာလို့ စွပ်စွဲထားပါတယ်။

BGF က လည်း တရုတ်နဲ့ ထိုင်းဘက်က ဖိအားရှိလာချိန်မှာ ရွှေကုက္ကိုလ် မြို့သစ်က တရုတ်နိုင်ငံသားတွေ လုပ်ကိုင်ရာအလုပ်ရုံတွေ ၊ လူနေ အဆောင်တွေကို ဝင်စီးပြီး ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။

မြန်မာဘက်ခြမ်းမှာ ကျားဖြန့်လုပ်ငန်းတွေရှင်သန်တာဟာ ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးနဲ့လောင်စာဆီ ရရှိတာကြောင့် လို့စစ်ကောင်စီက အပြစ်ဖို့ထားပါတယ်။

အဲဒီနောက် ထိုင်းဘက်က မြန်မာဘက် နယ်စပ်မြို့တွေကို လျှပ်စစ်မီးပေးတာနဲ့လောင်စာဆီ စီးဆင်းတာကိုဖြတ်တောက်လိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသထဲကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့အကြားသဲဖြူချောင်းရွာအနီးမှာတိုက်ပွဲတွေဆက်ရှိနေပြီး အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook