Connect with us

Hi, what are you looking for?

News

အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပေးနိုင်မှာမဟုတ်ဘူးလို့ အကြမ်းဖက်စစ်ကောင်စီ ဒု-ခေါင်းဆောင်ပြော

အာဆီယံအထူးကိုယ်စားလှယ်ဝင်ခွင့်မရခဲ့မှုကြောင့် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ အာဆီယံထိပ်သီးညီ လာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ခွင့်မပြုတာဟာ အာဆီယံပဋိညာဉ်နဲ့ဆန့်ကျင်နေတာကို ဝမ်းနည်းစိတ်မကောင်းဖွယ်ကြုံတွေ့ရတယ်လို့ စိုးဝင်းက ပြောပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပေးနိုင်မှာမဟုတ်ဘူးလို့ အကြမ်းဖက်စစ်ကောင်စီဒုတိယဥက္ကဌစိုးဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံကို အာဆီယံအထူးကိုယ်စားလှယ်လာရောက်ရေးနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစု ကြည်နဲ့တွေ့ဆုံခွင့်တောင်းဆိုခြင်းဟာ တည်ဆဲဥပဒေအရ တရားရင်ဆိုင်ဆဲ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ဘယ်ပုဂ္ဂိုလ်အဖွဲ့အစည်းကမျှ တွေ့ခွင့်မရှိတဲ့ဥပဒေလုပ်ထုံးလုပ်နည်းကို ကျော် လွန်တောင်းဆိုတာဖြစ်တယ်လို့ စိုးဝင်းက အာဆီယံ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ရဲ့ (၆) ကြိမ်မြောက် အစည်းအဝေးမှာ ပြောတယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာပါရှိပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ဝင်ခွင့်မရခဲ့မှုကြောင့် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ အာဆီယံထိပ်သီးညီ လာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ခွင့်မပြုတာဟာ အာဆီယံပဋိညာဉ်နဲ့ဆန့်ကျင်နေတာကို ဝမ်းနည်းစိတ်မကောင်းဖွယ်ကြုံတွေ့ရတယ်လို့ စိုးဝင်းက ပြောပါတယ်။

မလေးရှားနိုင်ငံကတော့ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအနေနဲ့ ကြားဝင်မစွက်ဖက်ရေး မူဝါဒကို ပြန်လည်စဉ်းစားသုံးသပ်သင့်ပြီး ဥပေက္ခာမပြုရေးမူဝါဒကို ပြောင်းလဲကျင့်သုံးသင့်တယ် လို့ တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အဓိကတွေ့ဆုံရမယ့်ပုဂ္ဂိုလ်စာရင်းမှာပါဝင်ပြီး အခြားပါတီအဖွဲ့အစည်းတွေနဲ့လည်းတွေ့ဆုံခွင့် ရရှိရမယ်လို့ မလေးရှားက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။