Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပေးနိုင်မှာမဟုတ်ဘူးလို့ အကြမ်းဖက်စစ်ကောင်စီ ဒု-ခေါင်းဆောင်ပြော

အာဆီယံအထူးကိုယ်စားလှယ်ဝင်ခွင့်မရခဲ့မှုကြောင့် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ အာဆီယံထိပ်သီးညီ လာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ခွင့်မပြုတာဟာ အာဆီယံပဋိညာဉ်နဲ့ဆန့်ကျင်နေတာကို ဝမ်းနည်းစိတ်မကောင်းဖွယ်ကြုံတွေ့ရတယ်လို့ စိုးဝင်းက ပြောပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပေးနိုင်မှာမဟုတ်ဘူးလို့ အကြမ်းဖက်စစ်ကောင်စီဒုတိယဥက္ကဌစိုးဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံကို အာဆီယံအထူးကိုယ်စားလှယ်လာရောက်ရေးနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစု ကြည်နဲ့တွေ့ဆုံခွင့်တောင်းဆိုခြင်းဟာ တည်ဆဲဥပဒေအရ တရားရင်ဆိုင်ဆဲ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ဘယ်ပုဂ္ဂိုလ်အဖွဲ့အစည်းကမျှ တွေ့ခွင့်မရှိတဲ့ဥပဒေလုပ်ထုံးလုပ်နည်းကို ကျော် လွန်တောင်းဆိုတာဖြစ်တယ်လို့ စိုးဝင်းက အာဆီယံ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ရဲ့ (၆) ကြိမ်မြောက် အစည်းအဝေးမှာ ပြောတယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာပါရှိပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ဝင်ခွင့်မရခဲ့မှုကြောင့် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ အာဆီယံထိပ်သီးညီ လာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ခွင့်မပြုတာဟာ အာဆီယံပဋိညာဉ်နဲ့ဆန့်ကျင်နေတာကို ဝမ်းနည်းစိတ်မကောင်းဖွယ်ကြုံတွေ့ရတယ်လို့ စိုးဝင်းက ပြောပါတယ်။

မလေးရှားနိုင်ငံကတော့ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအနေနဲ့ ကြားဝင်မစွက်ဖက်ရေး မူဝါဒကို ပြန်လည်စဉ်းစားသုံးသပ်သင့်ပြီး ဥပေက္ခာမပြုရေးမူဝါဒကို ပြောင်းလဲကျင့်သုံးသင့်တယ် လို့ တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အဓိကတွေ့ဆုံရမယ့်ပုဂ္ဂိုလ်စာရင်းမှာပါဝင်ပြီး အခြားပါတီအဖွဲ့အစည်းတွေနဲ့လည်းတွေ့ဆုံခွင့် ရရှိရမယ်လို့ မလေးရှားက ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

မြန်မာနှင့်အတူ လာအိုနိုင်ငံက ၁၅ ဒဿမ ၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီယားနိုင်ငံက ၈ ဒသမ ၄ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံက ၄ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ဟု​ဖော်ပြထားသည်။