Connect with us

Hi, what are you looking for?

သတင်း

ဒေသတွင်း အင်အားကြီးနိုင်ငံများ၏ပါဝင်ပတ်သတ်မှု မြန်မာ့အရေးသက်ဆိုးရှည်အောင် အပံ့အပိုးဖြစ်နေဟု ယာယီသမ္မတပြော

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံကြီးများ၏ ပထဝီဝင်နိုင်ငံရေးအားပြိုင်မှု ကြားထဲ၌ ပြည်တွင်း နိုင်ငံရေးကို ရုန်းထနေရသည့် အခြေအနေတွင်ရှိနေပြီး ဒေသတွင်း နိုင်ငံကြီးများ၏ ပါဝင်ပတ်သက်မှုသည် ပြည်တွင်းရေး အခြေအနေများကို ပဋိပက္ခသက်ဆိုးရှည်အောင် အပံ့အပိုးဖြစ်နေသည်ကို တွေ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလအား တွေ့ရစဉ်။ ဓာတ်ပုံ - NUG

ဟန်နွေ/People’s Spring

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံကြီးများ၏ ပထဝီဝင်နိုင်ငံရေးအားပြိုင်မှု ကြားထဲ၌ ပြည်တွင်း နိုင်ငံရေးကို ရုန်းထနေရသည့် အခြေအနေတွင်ရှိနေပြီး ဒေသတွင်း နိုင်ငံကြီးများ၏ ပါဝင်ပတ်သက်မှုသည် ပြည်တွင်းရေး အခြေအနေများကို ပဋိပက္ခသက်ဆိုးရှည်အောင် အပံ့အပိုးဖြစ်နေသည်ကို တွေ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂၅ရက်)က ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး မိန့်ခွန်း၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းနိုင်ငံများ၏ လက်တွေ့နိုင်ငံရေးအခင်းအကျင်းကို လက်တွေ့ကျကျ ရှုမြင်ပြီး အလှည့်အပြောင်းဖြစ်လာသည့် နိုင်ငံရေးအတိမ်းအညွှတ်များ၌ လူထုအတွက် အကောင်းဆုံးဖြစ်အောင် မည်သို့ လုပ်ဆောင်မည်ကို ကြိုတင်စဉ်းစားရန်လိုအပ်သည်ဟုလည်း ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့အနေနဲ့လက်ရှိ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် အိန္ဒိယနိုင်ငံတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမဟာဗျူဟာမြောက်ချည်းကပ်မှုတွေ ထပ်တိုးလုပ်ဆောင်မလဲဆိုတာ လေးလေးနက်နက် အဖြေရှာကြဖို့ ဖြစ်ပါတယ်။ ”ဟု ယာယီသမ္မတက ပြောသည်။

အိမ်နီးချင်းနိုင်ငံများအနက် အင်အားကြီးတရုတ်နိုင်ငံသည် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမဟုတ်ဟု ပြောဆိုသော်လည်း တစ်ဖက်တွင် စစ်ကောင်စီနှင့်ထိတွေ့ဆက်ဆံကာ တိုင်းရင်းသားတော်လှန်ရေးတပ်များကို ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းနည်းများသုံးပြီး စစ်ကောင်စီနှင့်စေ့စပ်ဆွေးနွေးမှုများကို အတင်းအကြပ် ဖိအားပေး ဖော်ဆောင်နေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင်တော်လှန်ရေးအင်အားစုများကလည်း တရုတ်အစိုးရ၏ ကျင့်ဝတ်မဲ့စွာ မြန်မာ့အရေးဝင်ရောက်စွက်ဖက်မှုများကို လက်မခံကြောင်း အသိပေးထားသည်။

ယာယီသမ္မတမိန့်ခွန်းတွင် ရန်သူကို မညှာတမ်း တိုက်ခိုက်ပြီး ပြည်သူ့အပေါ် အဖြောင့်မတ်ဆုံး ရိုးသားနိုင်ရေး လိုအပ်ကြောင်းကိုလည်းထည့်သွင်း ပြောကြားခဲ့သည်။

“ဒါဟာ တော်လှန်ရေးကျင့်ဝတ်ဖြစ်သလို၊ ကျွန်တော်တို့ ခံယူရမယ့် သဘောထားလို့လည်း ထင်ပါသည်။ ကျွန်တော်တို့ အစိုးရအပေါ် ဝေဖန်လာတဲ့ဝေဖန်ချက်တွေကို အလုပ်နဲ့ သက်သေပြပြီး ပြန်လည် ချေပနိုင်စွမ်း ရှိရမယ်လို့ ပြောချင်ပါတယ်။ ”ဟု ယာယီသမ္မတ က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ယခု ၂၀၂၅သည် စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေး၊ အုပ်ချုပ်ရေးစသည့် ကဏ္ဍစုံ၌ တော်လှန်ရေးအတွက် ရလဒ်ကောင်း၊ အဖြေကောင်းများ ထွက်အောင် အစွမ်းကုန် ရုန်းကန်ရမည့်နှစ်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး အစိုးရအဖွဲ့ဝင်အားလုံး ညှိနှိုင်းတိုင်ပင်ပြီး အလုပ်များ ပိုလုပ်ကြရန် တိုက်တွန်းသည်။

ဖြစ်ပေါ်လာသည့် နိုင်ငံရေးအပြောင်းအလဲ အခြေအနေများအပေါ် မျက်ခြေမပြတ်ဘဲ ရည်မှန်းထားသည့် တော်လှန်ရေးလုပ်ငန်းစဉ်များကို မဟာဗျူဟာ ကျကျ မတိမ်းစောင်း မယိမ်းမယိုင်စေဘဲ ရှိသည့် အချိန် အရင်းအမြစ် ၊ ဘဏ္ဍာအရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်များနှင့် စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်ရန် ဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မိန့်ခွန်းကို ဆိုလိုရင်းနဲ့ ကွဲပြားအောင် တည်းဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် BBC သတင်းဌာနရဲ့ ထိပ်တန်း အရာရှိ နှစ်ဦး ရာထူးကနေ နုတ်ထွက်သွားခဲ့ရပါတယ်။

သတင်း

ပြည်သူ့နွေဦးတော်လှန်ရေးအပေါ် ကမ္ဘာအခြေအနေအရပ်ရပ်က မျက်နှာသာပေးမှု အများကြီး မရှိတဲ့အပေါ်စိတ်ပျက်အားငယ်နေစရာမလိုဘဲ ကိုယ့်ခွန်ကိုယ့်အားနဲ့ တော်လှန်ရေးကိုအဆုံးသတ် အောင်ပွဲဆင်နွှဲနိုင်ကြောင်းပြသရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ယာယီသမ္မတဒူဝါလရှီးလနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းတိ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယာယီသမ္မတနဲ့ KNUဗဟိုက ဒီကနေ့ စက်တင်ဘာ ၂၅ရက်ညပိုင်းမှာ သတင်းထုတ်ပြန် အသိပေးခဲ့ပါတယ်။

နိုင်ငံတကာ

သူ့ရဲ့ အမေရိကန် သမ္မတ ဒုတိယ သက်တမ်းအတွင်း ပထမဆုံး ပြောကြားတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ဒေါ်နယ်လ်ထရမ့်ဟာ သူ့ရဲ့ ဆန္ဒ သဘောထားတွေ၊ ကမ္ဘာ့နိုင်ငံရေးအပေါ် ရှုမြင်ပုံတွေကို ဘွင်းဘွင်း ရှင်းရှင်း ပြောသွားခဲ့ပါတယ်။