Connect with us

Hi, what are you looking for?

သတင်း

ရေဘီလူးအဖွဲ့က ခမရ ၃၄၃ ၏ ကာကင်းစခန်းတစ်ခုကိုတိုက်ခိုက် စစ်သားများထွက်​ပြေး

မွန်ပြည်နယ်၊ရေးမြို့အခြေစိုက်အမှတ်(၃၄၃)ခြေမြန်တပ်ရင်း (ခမရ ၃၄၃) ၏ ကာကင်းစခန်းတစ်ခုကို သိမ်းပိုက်ဖျက်ဆီးခဲ့ကြောင်းရေးဘီးလူးခေါင်းဆောင်က လူထုနွေဦးသို့ပြောသည်။

ရေဘီးလူးအဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည့်ခမရ ၃၄၃ ၏ကာကင်းစခန်းကိုတွေ့ရစဥ်။ ဓာတ်ပုံ-ရေးဘီလူး

ရဲခေါင်/People’s Spring

မွန်ပြည်နယ်၊ရေးမြို့အခြေစိုက် အမှတ်(၃၄၃)ခြေမြန်တပ်ရင်း (ခမရ ၃၄၃) ၏ ကာကင်းစခန်းတစ်ခုကို သိမ်းပိုက်ဖျက်ဆီးခဲ့ကြောင်းရေးဘီးလူးခေါင်းဆောင်က လူထုနွေဦးသို့ပြောသည်။

ခမရ ၃၄၃ တပ်ရင်းနှင့် မီတာ ၂၀၀ ခန့်အကွာရှိ ကာကင်းစခန်းသည် အာယုတောင်ရွာတွင်ရှိကာ ဖေဖော်ဝါရီ ၂၅ ရက်က ဝင်ရောက်တိုက်ခိုက်စဥ် စစ်ကောင်စီ တပ်သားများထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

“တပ်ဝင်းရဲ့ အနောက်ပေါက် မှာရှိတဲ့ ဝါးချောင်း ဘုန်းကြီး ကျောင်းရဲ့ ပတ်ဝန်းကျင်မှာရှိတယ်။အဲဒီမှာ သူတို့က အပေါ်ရွာစုတွေကနေ ဆင်းလာတဲ့ ကားဆိုင်ကယ်တွေကို အစစ်၊ဆေးပြုလုပ်တဲ့နေရာပေါ့။အဲဒီနေရာမှာ ပုံမှန်အမြဲထိုင်လေ့ရှိတယ်။မနက်ဝေလီဝေ လင်းကတည်းက စကပ်တယ်။ဒါ​​မေယ့် အဲဒိအနီးနားက ခြံစုတွေမှာနေတဲ့သူတွေက တွေ့ပြီး သတင်းပေးတာမျိုးလည်းဖြစ်နိုင်တယ်။အဲဒါကြောင့် သူတို့ကြိုပြီး ထွက်ပြေးနိုင်သွားတာ”ဟုရေးဘီလူးခေါင်းဆောင်ကရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထိုကင်းစခန်းတွင် စစ်ကောင်စီ တပ်သား ၁၅ ဦး ဝန်းကျင် ရှိ​လေ့ရှိပြီး ခမရ ၃၄၃ နှင့် မီတာ ၂၀၀ခန့်သာကွာဝေးသည်ဟုဆိုသည်။သို့​သော် သာသနာနယ်မြေဖြစ်၍ မီးမရှို့ခဲ့ဘဲ သိမ်းပိုက်ရရှိသည့် ကင်းစခန်းကိုဖြို၍ ကတုတ်ကျင်းများကို ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ရေး-မော်လမြိုင် လမ်းမကြီးပေါ်ရှိ ခမရ ၅၈၇ နှင့် ခမရ ၃၄၃ သည် မျက်နှာချင်း ဆိုင် တပ်တည်ထားခြင်းဖြစ်​ကြောင်းသိရသည်။

ရေးမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းနှင့် တပ်ရင်း များကို တိုက်ခိုက်မှု အရှိန်မြှင့်တင်မည်ဖြစ်၍ တပ်ရင်း အနီး နေထိုင်သူများအနေဖြင့် ကြိုတင်ရွှေ့ပြောင်းရန် လည်း မွန်ပြည်နယ်တော်လှန်ရေးအဖွဲ့များက တိုက်တွန်းထားသည်။

ရေးမြို့တွင် စစ်ကောင်စီ၏ အမှတ် ၁၉ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ ၁၉)နှင့် လက် အောက်ခံ တပ် ရင်းများဖြစ်သည့် ခလရ ၆၁၊ ခလရ ၂၉၉၊ ခမရ ၃၄၃ ၊ ခမရ ၅၈၆ ၊ အမှတ် ၃၁၆ အမြောက်တပ်ရင်း (အမတ ၃၁၆)စသည့် တပ်ရင်းများအခြေစိုက် ထား သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ရွာအခြေစိုက် အမှတ် (၃၁၈) အမြောက်တပ်ရင်းကနေ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ရွာဘက်ဆီ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ KNU တပ်မဟာ (၆) တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ် ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

သတင်း

တနင်္သာရီတိုင်း ပုလောမြို့နယ်က စစ်တပ်ရဲ့ ခလရ(၂၈၅) တပ်ရင်းအနီး ကာကင်းစခန်း တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့်သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားအများအပြား​သေဆုံးပြီး စစ်သုံ့ပန်းအချို့ ဖမ်းမိ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။