Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေပြုလုပ်

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၂၈)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ DDMSC

သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၂၈)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ရဲဘော်ဖိုးချမ်း ကျဆုံးခြင်း ၃နှစ် ၁၁လပြည့်သောနေ့အဖြစ် ဂူဗိမာန်ရှိရာဆီသို့ ချီတက်အလေးပြုခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီလူထုသပိတ်စစ်ကြောင်းက “အထွေထွေကြပ်တည်းမှုကို အံတုကြ”၊ “ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” စတဲ့ စာသားတွေ ကိုင်ဆောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာလည်း လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး အာဇာနည်လေးဦး ကျဆုံးခဲ့ရတဲ့ လေးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် “လမ်းမထက်ကသွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့” စာသားနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ယင်းသပိတ်ကို ဒေသခံပြည်သူ အများအပြား ပူးပေါင်းပါဝင်ခဲ့ကြပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းခံရမှုကြောင့် ကျဆုံးခဲ့ရတဲ့ ထားဝယ်အမျိုးသားအာဇာနည် လေးဦးအပြင် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသူတွေကို အလေးပြုတာ၊ ဝမ်းနည်းကြောင်းအထိမ်းအမှတ် လွမ်းသူပန်းခွေချတာတွေ ပြုလုပ်ခဲ့ပါတယ်။

သရက်ချောင်းမြို့နယ်မှာလည်း ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး အာဇာနည် လေးဦး ကျဆုံးခဲ့ရတဲ့ လေးနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ “လမ်းမထက်ကသွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ် လုပ်ဆောင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ရက်သတ္တပတ်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲနဲ့ သီတင်းကျွတ်ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။