Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်မှစစ်ကြောင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးသေ၊ ခြောက်ဦး အရှင်ဖမ်းခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ အင်အား ၁၆၀ပါ စစ်ကြောင်းအား တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ရုပ်အလောင်းငါးလောင်း ရရှိပြီး ခြောက်ဦးအရှင်ဖမ်းမိကြောင်း မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့(MCRF)က ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းများအား ခေါ်ဆောင်လာစဉ်

ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ အင်အား ၁၆၀ပါ စစ်ကြောင်းအား တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ရုပ်အလောင်းငါးလောင်း ရရှိပြီး ခြောက်ဦးအရှင်ဖမ်းမိကြောင်း မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့(MCRF)က ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၆ ရက် နံနက်(၃)နာရီခန့်တွင် စစ်ကောင်စီတပ်သားများသည် ရေစကြိုမြို့မှ ချင်းတွင်းမြစ်အတိုင်း စက်လှေများဖြင့်ကူးလာကာ မြောင်နှင့် ရေစကြိုနယ်အစပ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဟု ဆိုသည်။

အဆိုပါစစ်ကြောင်းအား ဒေသတော်လှန်ရေးတပ်ဖွဲ့များပူးပေါင်း၍ နံနက် ၈နာရီခွဲခန့်တွင် စောင့်ကြို တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ ၄နာရီကြာမြင့်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စိတက်သား ငါးဦးသေဆုံးပြီး ခြောက်ဦးအရှင်ဖမ်းမိကာ ၆၀မမ စိန်ပြောင်းတစ်လက်၊ RPG-7 တစ်လက်၊ MA-3 တစ်လက်၊ G-3 တစ်လက်နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရရှိကြောင်းလည်း အသိပေးသည်။

“ပခုက္ကူ တပ်မ(၁၀၁)လက်အောက်ခံတပ်တွေ ဖြစ်တဲ့ ရေစကြို ခလရ -၂၅၆ ၊၂၅၇ ၊၂၅၈ကထုတ်နှုတ်နဲ့ ဆင်ချောင်းရွာ ပြည်သူ့စစ်စုပေါင်း အင်အား၁၅၀ ကျော်ပါတယ်။ရေစကြိုမြို့မြစ်အရှေ့ဘက် ချင်းတွင်း တစ်ဖက်ကမ်း မြစ်သာ၊ သုခဒီပ၊ ရွာသစ်မရောက်ခင် ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ဖွဲ့စည်းပုံ ပျက်ပြီး စစ်ကောင်စီတပ်ဆုတ် ခွာသွားရတာ”ဟု ရေစကြိုမြို့နယ် အခြေစိုက် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းမှာ ရေလယ်ကျွန်း (ခေါ်)သောင်ခုံတွင် ပြန်လည်တပ်စွဲထားပြီး စစ်ကြောင်းထိုးရန် တပ်ကူစောင့်ဆိုင်းနေကြောင်းလည်း ၎င်းက အသိပေးသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက တိုက်လေယာဥ်တစ်စီး၊ Mi 35တစ်စီးအပြင် ရေစကြိုမြို့ပေါ်မှ ဟောင်ဝစ်ဇာအမြှောက်များဖြင့် ပစ်ကူပေးခဲ့ကြောင်း MCRFက ပြောသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးအဖွဲ့များဘက်မှ ရဲဘော် လေးဦး ထိခိုက်ခဲ့ပြီး မစိုးရိမ်ရကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းအား မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)၊မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ (MCRF)၊ စစ်ကိုင်းခရိုင် ပ.လ.ဖ၊ ဆင်ရိုင်းစစ်ကြောင်း(မြောင်)၊ကျေးရွာတပ်ပေါင်းစုတို့ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် စစ်ကိုင်းခရိုင်တပ်ရင်း(၁)၊(၂)၊ (၄)၊ မြောင်တိုက်နယ်(၆) ပ.က.ဖ၊မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၊ Wolf Brother၊ကျောက်ဆည်နဂါးနီ၊Liberation Army of Central Region၊8 Stars၊ Taloke PDF၊ဒေါင်းစစ်သည်၊ Myaung Union Army ၊ ဝရဇိန်ထုတ်လုပ်ရေး၊ဒေါင်းညီနောင်နှင့် မြင်းခြံမြို့နယ် ပ.က.ဖတို့လည်း ပါဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဆိုင်ထားတဲ့နေရာတွေကနေ စစ်ကောင်စီတပ်သား ၄ဦး အလင်း၀င်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။