Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ရှိ KIAဂိတ်ကို စစ်ကောင်စီတိုက်ခိုက်၊ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုရှိဟု KIA အသိပေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဖေဖော်ဝါရီ လကုန်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသတွင်း၌ နှစ်ဖက်တပ်များ စစ်ရေးလှုပ်ရှားမှု ရှိနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက မတ်လ ၁ရက်တွင် ဖော်ပြသည်။

ဓာတ်ပုံ - ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ပုံအဟောင်းအသုံးပြုထားပါသည်

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဖေဖော်ဝါရီ လကုန်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသတွင်း၌ နှစ်ဖက်တပ်များ စစ်ရေးလှုပ်ရှားမှု ရှိနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက မတ်လ ၁ရက်တွင် ဖော်ပြသည်။

ဖေဖော်ဝါရီ ၂၇ရက်က KIAပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များသည် မှော်တောင်းရပ်ကွက်ရှိ KIA ဂိတ်၌ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပြီး တိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြမထားပေ။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီ၏ ဖားကန့်မြို့တပ်မကုန်းရပ်ကွက်မှ လက်နက်ကြီးပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဖားကန့်ဒေသ၌ KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်စလုံးက ဇန်နဝါရီကတည်းက စစ်ရေးလှုပ်ရှားမှုရှိနေရာ ဖေဖော်ဝါရီ ၂၇ရက်မှစ၍ တပ်မကုန်းမှ စစ်ကောင်စီတပ်သည် တပ်ဖွဲ့ ၂ခုခွဲပြီး အေးမြသာယာ၊ ညောင်ပင်ကုန်း ဘက်နှင့် စစ်ကြောင်းတစ်ခု၊ မရှိကထောင်၊ ရက္ ခိုင်ကုန်းရပ်ကွက်ဘက် တပ်ဖွဲ့တစ်ခု စစ်ရေးလှုပ်ရှားသွားလာနေခြင်းဖြစ်သည်ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၄ရက်က KIA တပ်ရင်း(၆)နယ်မြေကို လေယာဉ် ၂စီးဖြင့် လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးဖေဖော်ဝါရီ ၁၉ရက်ကလည်း ဆန်းကြွယ်ကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ဟု အသိပေးသည်။

KIAပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား စစ်ရေး ပိုမိုတင်းမာလာနိုင်ခြေရှိ၍ ဒေသခံများက လုံခြုံရေးကတုတ်ကျင်းများတူးထား ကြရသည်ဟုလည်း ဖော်ပြသည်။

စစ်ကောင်စီတပ်သည်ဇန်နဝါရီအတွင်းကလည်း ဖားကန့်မြို့နယ်ကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ များသေဆုံးထိခိုက်ရှိခဲ့သည်။

ထို့ပြင် KIAနှင့် စစ်ကောင်စီတပ်တို့သည် ကချင်ပြည်နယ် ဗန်းမော်မြို့၌လည်း တိုက်ပွဲများ ပုံမှန်ဆက်လက် ဖြစ်ပွားနေကြောင်း ကချင် သတင်းရင်းမြစ်က ယနေ့ မတ်လ ၂ရက် နံနက် တွင် ပြောသည်။

KIA သည် ဗန်းမော်မြို့ သိမ်းပိုက်နိုင်ရေး ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၃လကျော်အတွင်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များ အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို သိမ်းပိုက်ထားပြီး အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အပါအဝင် မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေကြောင့် KIAက အသိပေးထားသည်။

စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကျောက်စိမ်းမြို့တော်ဖားကန့်မှာပြီးခဲ့တဲ့ ရက်ပိုင်းက ရေဘေးသင့်ခဲ့ပြီး လတ်တလောမှာရေကျသွားပေမယ့်မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ သွားရေးလာရေးနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။