Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန် တစ်နိုင်ငံလုံးရဲ့ အားပေး ထောက်ခံမှုကို ရထားကြောင်း ဧည့်သည်ယူကရိန်း သမ္မတကို ဗြိတိန် ဝန်ကြီးချုပ်ပြော

ယူကရိန်း သမ္မတ ဗိုလိုဒီမာဇီလန်စကီးဟာ ဗြိတိန် တစ်နိုင်ငံလုံးရဲ့ အားပေး ထောက်ခံမှုကို ရရှိထားကြောင်း ဇီလန်စကီးရဲ့ လန်ဒန်မြို့တော် ခရီးစဉ်မှာ ဗြိတိန် ဝန်ကြီးချုပ်ဆာကီရာစတာမာကပြောကြားခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာဇီလန်စကီးဟာ ဗြိတိန် တစ်နိုင်ငံလုံးရဲ့ အားပေး ထောက်ခံမှုကို ရရှိထားကြောင်း ဇီလန်စကီးရဲ့ လန်ဒန်မြို့တော် ခရီးစဉ်မှာ ဗြိတိန် ဝန်ကြီးချုပ်ဆာကီရာစတာမာကပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းမှာရှိတဲ့ ဗြိတိန် ဝန်ကြီးချုပ် အိမ်တော်မှာ မတ်လ ၁ ရက်နေ့က တွေ့ဆုံခဲ့ကြတာပါ။ အမေရိကန် ခရီးစဉ်အတွင်း အိမ်ဖြူတော်၊ ဘဲဥပုံ ရုံးခန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၊ ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်တို့နဲ့ သတင်းထောက်တွေရှေ့မှောက်မှာတင်အကြီးအကျယ် ကတောက်ကဆ ဖြစ်ခဲ့ပြီး နောက်တစ်နေ့မှာ ဇီလန်စကီးဟာ ဗြိတိန် နိုင်ငံကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

စတာမာရဲ့ နှစ်သိမ့် အားပေးမှုအတွက် ကျေးဇူးတင်ကြောင်း၊ သူ့နိုင်ငံမှာ အခုလို မိတ်ဆွေကောင်းတွေ ရှိနေတဲ့အတွက် ပျော်ရွှင်မိကြောင်း ဇီလန်စကီးက ပြောပါတယ်။ ​ဒေါင်းနင်းလမ်း အမှတ် ၁၀ ကို​ရောက်လာချိန်မှာ ဗြိတိန်ပြည်သူ​တွေက ​စောင့်ဆိုင်းပြီး ဇီလန်စကီးကိုထောက်ခံအား​ပေး​ကြောင်းစာ​တမ်းတွေ​ထောင်ပြီး ပြသကြတာကို​တွေ့ရပါ​တယ်။

ဇီလန်စကီးနဲ့ စတာမာတို့ဟာ ယူကရိန်းအတွက် စစ်ရေး အထောက်အပံ့ ချေးငွေ စတာလင်ပေါင် ၂.၂၆ ဘီလီယံ ထုတ်ပေးမယ့် စာချုပ်ကိုလည်း လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ အဲဒီ ငွေကြေးတွေကို ဗြိတိန်က ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေရဲ့ အကျိုးအမြတ်တွေထဲကနေ ထုတ်နုတ်ပေးမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန်ကအခုအကူ အညီ​ပေးတာအပါအဝင် ယူကရိန်းကို အကူအညီ​ပေးတာ ​ဒေါ်လာ ၁၈ ဘီလီယံ​ကျော်ရှိပြီဖြစ်ပါတယ်။ ဒါဟာ အ​မေရီကန်က ​ဒေါ်လာ ၁၁၉ ဘီလီယံခွဲ ၊ အီးယူက ၅၁ ဘီလီယံ​ကျော် ​တို့ပြီးရင်အများဆုံးဖြစ်ပါတယ်။ယူကရိန်းဒေါ်လာ ၁၈ ဘီလီယံ​ကျော်ကူညီထားတဲ့ ဂျာမနီနဲ့အတူ တတိယအများဆုံးဖြစ်လာတာပါ။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ရုရှားက အိမ်နီးချင်း ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့တဲ့နောက်အမေရိကန်နဲ့ဗြိတိန်အပါအဝင် အနောက်နိုင်ငံတွေဟာ ပြည်တွင်းမှာရှိတဲ့ ရုရှား အစိုးရ ပိုင်ဆိုင်မှုတွေ၊ ရုရှားအစိုးရနဲ့ ဆက်နွှယ်တဲ့ သူဌေး သူကြွယ်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။

စတာမာဟာ ဇီလန်စကီးနဲ့ ထရမ့်တို့ရဲ့ အဆင်မပြေခဲ့တဲ့ ဆွေးနွေးပွဲ အပြီးမှာတော့ ထရမ့်ကို ဆက်သွယ် ဆွေးနွေးခဲ့သလို ပြင်သစ် သမ္မတ အီမန်နျူရယ်လ်မာခရွန်နဲ့လည်းစကားပြောခဲ့ပါတယ်။

စတာမာဟာ ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲ ရပ်ဆိုင်းရေး၊ ဥရောပ နိုင်ငံတွေရဲ့ ကာကွယ်ရေး စွမ်းရည် စုပေါင်း တိုးမြှင့်ရေး ကိစ္စတွေ ဆွေးနွေးဖို့အတွက် ဥရောပ နိုင်ငံ ခေါင်းဆောင်တွေကို ထိပ်သီး ဆွေးနွေးပွဲတစ်ခု ဖိတ်ကြားမှာ ဖြစ်ပါတယ်။ဒီအတောအတွင်း ဇီလန်စကီးဟာ ဗြိတိန်ကို ရောက်ရှိနေချိန်မှာ ချားလ်စ်ဘုရင်နဲ့လည်း တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

ဗြိတိန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ထိပ်သီး ဆွေးနွေးပွဲဟာ အခုအခါမှာတော့ အမေရိကန်နဲ့ ယူကရိန်းသမ္မတတွေကြားတင်းမာမှုရဲ့ ဂယက်ရိုက်ခတ်တာကို ခံရမယ့် အနေအထား ဖြစ်လာပါတယ်။

လူသိရှင်ကြား အချင်းများခဲ့တဲ့နောက် ဇီလန်စကီးဟာ အမေရိကန်နဲ့ ယူကရိန်းကြားက ဆက်ဆံရေးကို ပြန်လည် ပြင်ဆင်နိုင်ဖို့တော့ အားထုတ်နေပါတယ်။ ဆွေးနွေးပွဲဟာ ခက်ခဲ ကြမ်းတမ်းခဲ့ပေမယ့် အမေရိကန်နဲ့ ယူကရိန်းဟာ မဟာဗျူဟာ လက်တွဲဖော်တွေအဖြစ် ဆက်ရှိနေကြောင်း၊ တစ်ဖက်မှာတော့ စစ်မှန်တဲ့ နားလည်မှု၊ တူညီတဲ့ ရည်မှန်းချက်တွေအတွက် နှစ်ဖက်ကြားမှာ ရိုးသားမှု၊ ပွင့်လင်းမှုတွေ လိုအပ်ကြောင်း ဇီလန်စကီးက ပြောကြားသွားပါတယ်။

ကိုးကား: BBC ၊ ​အေဂျင်စီ

ဓါတ်ပုံ- AP၊ BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန်နိုင်ငံမှာ ရထားနှစ်စီး တိုက်မိမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၉၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးအတွက် ချီးမြှင့်ထားတဲ့ နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုကို ပိုလန်က ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။