Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနယ်စပ်ရှိ ပူလူတူတပ်စခန်း ကို KNU ဆက်လက်တိုက်ခိုက်နေ

ထိုင်းနယ်စပ်အနီးရှိ ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ ပူလူတူ စခန်းကို KNU ဦးစီးတဲ့ ပူးပေါင်းတပ်က တိုက်ခိုက်ရာမှာ နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေတယ်လို့ နယ်စပ်သတင်းရင်းမြစ်ထံကသိရပါတယ်။

အခုမနက်ပိုင်း ပူလူတူ တပ်စခန်း တဝိုက် စစ်ကောင်စီလေတပ်ရဲ့ ဗုံးကြဲ တိုက်ခိုက်ပြီးနောက်တွေ့ရပုံ (ဓာတ်ပုံ - Addy chaiyadech)

နိုင်ပကောင်း/People’s Spring

ထိုင်းနယ်စပ်အနီးရှိ ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ ပူလူတူ စခန်းကို KNU ဦးစီးတဲ့ ပူးပေါင်းတပ်က တိုက်ခိုက်ရာမှာ နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေတယ်လို့ နယ်စပ်သတင်းရင်းမြစ်ထံကသိရပါတယ်။

ဒေါနတောင်တန်း အရှေ့ဘက်ခြမ်း ရှိ ရှမ်းရွာသစ်မြို့နဲ့ ပိုင်ကျုံမြို့နယ်ခွဲ ကြား က စစ်တပ်ရဲ့ ပူလူတူစခန်းကို ဖေဖော်ဝါရီ ၂၇ ရက်က စတင်ပြီး KNU တပ်မဟာ (၇) နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်နေတာပါ။

တိုက်ပွဲဟာ ဒီနေ့ (မတ်လ ၂ ) ရက်အထိ ဆက်လက်ဖြစ်ပွားနေပြီး ပူလူတူ စခန်းတဝိုက်ကို စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက်ခိုက်မှု တွေ ထပ်မံ ပြုလုပ်လာတယ်လို့ နယ်စပ် ရှိသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပူလူတူ တပ်စခန်း ဟာ KNU တပ်မဟာ (၇) နယ်မြေမှာ ရှိပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ တာ့ဆောင့်ယန်းမြို့ ၊ မဲ့အူဆူရွာနဲ့နီးစပ်ပါတယ်။

တိုက်ပွဲတွေကြောင့် မြန်မာဘက်ကနေ နယ်စပ်မျဉ်းကို ဖြတ်ကျော်ပြီး တာ့ဆောင့်ယန်းမြို့ထဲ ဝင်ရောက်တိမ်းရှောင်ရသူ ပြည်သူ ၅၀၀ ကျော်ရှိပြီလို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

KNU တပ်မဟာ (၇ ) နယ်မြေမှာ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းကစတင်ပြီး KNU နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နှစ်ကုန်ပိုင်းမှာတော့ ယခင် ဌာနချုပ်နေရာဟောင်း မာနယ်ပလောဒေသကို KNU က ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။

မာနယ်ပလောကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီတပ်ဘက်ကလည်း KNU တပ်မဟာ (၇) နယ်မြေ ထဲ လေကြောင်းကနေ ထောက်လှမ်းတာ ၊ ဗုံးကြဲ တိုက်ခိုက်တာအပြင် စစ်အင်အားဖြည့်တင်းတာတွေပါ ပြုလုပ်နေတယ်လို့သိရပါတယ်။

တချိန်တည်းမှာပဲ လက်ရှိမှာဆိုရင် KNU တပ်မဟာ (၇) နဲ့ နယ်မြေချင်းထိစပ်နေတဲ့ တပ်မဟာ (၆) နယ်မြေ ကော့ကရိတ် ၊ ကျုံးဒိုးမြို့တဝိုက် ၊ တပ်မဟာ (၅) နယ်မြေ ကမမောင်းမြို့ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။