Connect with us

Hi, what are you looking for?

News

ဖယ်ခုံမြို့နယ်ရှိ လွယ်ဟွဲရွာကို စစ်ကောင်စီတပ်တပ်မီးရှို့

“လောလောဆယ် သူတို့ ရှို့နေပြီ ဘယ်နှစ်လုံးရှိပြီလဲဆိုတာကတော့ အတိအကျတော့ မသိသေးဘူး။ ရှို့တာတော့ အမှန်ပဲ”ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်အစပ်ရှိ လွယ်ဟွဲရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့နေကြောင်း ကရင်နီအမျိုးသားကာကွယ် ရေးတပ်ဖွဲ့(KNDF)ပြောရေးဆိုခွင့်ရှိသူက အတည်ပြုသည်။

နိုဝင်ဘာ ၂ရက်ညပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်များ တပ်စွဲနေထိုင်ခဲ့သည့် လွယ်ဟွဲကျေးရွာတွင် နိုဝင်ဘာ ၃ရက် နေ့လည်ပိုင်းက မီးစတင်လောင်ကျွမ်းနေခြင်းဖြစ်သည်။

“လောလောဆယ် သူတို့ ရှို့နေပြီ ဘယ်နှစ်လုံးရှိပြီလဲဆိုတာကတော့ အတိအကျတော့ မသိသေးဘူး။ ရှို့တာတော့ အမှန်ပဲ”ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ပြောစရာစကားမရှိအောင်ပင် ယုတ်မာနေ၍ ယခုကဲ့သို့ မီးရှို့သည့်အပေါ် မှတ်ချက်မပေးချင်ဟု ၎င်းက ဆိုသည်။ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ မီးရှို့ခြင်းဖြစ်သည်ဟုလည်း KNDF တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သည် ချင်းပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်းရှိ မြို့နှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။