Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ရုပ်အလောင်း ၁၂လောင်းနှင့် လက်နက်ခဲယမ်းအချို့သိမ်းရဟု PDFအသိပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားရုပ်အလောင်း ၁၂လောင်းနှင့် လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မတော် (Moebye PDF)က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။

သေဆုံးနေသော စစ်ကောင်စီတပ်သားအချို့ တွေ့ရစဥ်။ ဓာတ်ပုံ - MB PDF၊ထွဋ်ခေါင်

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားရုပ်အလောင်း ၁၂လောင်းနှင့် လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မတော် (Moebye PDF)က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။

မိုးဗြဲ – လွိုင်ကော်လမ်းပိုင်းအား ပြန်လည် ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ကာ လေကြောင်း၊လက်နက်ကြီးနှင့် ဒရုန်းပစ်ကူများ အဆမတန်အသုံးပြုနေသည်ဟု ဆိုသည်။

မိုးဗြဲမြို့တိုက်ပွဲအတွင်းရရှိခဲ့သည့် လက်နက် များကိုတွေ့ရစဥ်။ ဓာတ်ပုံ – MB PDF၊ထွဋ်ခေါင်

ထို့နောက် ဖေဖော်ဝါရီ ၂၇ ရက်တွင် (၁၀၀၁)မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်ပူပေါင်းတပ်တို့သည် စစ်ကောင်စီတပ်နှင့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ကျဆုံးမှုရှိခဲ့ကြောင်းအသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ရုပ်အလောင်း (၁၂) လောင်းနှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြသည်။

“စစ်ကြောင်းထိုးနေတာ အင်အား ၂၀၀နေတာရှိတယ်။ မြေပြင်ပေါ့။နောက်ချန်နဲ့ တပ်ဖြည့်ကတော့ ၄၂၂ တပ်ထဲ ထက်ရှိလိမ့်မယ်။အခု ဒီနေ့ သူတို့စစ်ကြောင်း မလှုပ်လာသေးဘူး”ဟု မိုးဗြဲ မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လက်ရှိအခြေအနေအရ မိုးဗြဲမြို့အား ပူးပေါင်းတပ်မှထိန်းချုပ်ထားဆဲရှိပြီး တိုက်ပွဲချိန်ကြာလာသည်နှင့်အမျှ စစ်ရေးလိုအပ်ချက်များလာသည့် အတွက် ပြည်သူများ၏ကူညီမှု လိုအပ်ကြောင်း မေတ္တာရပ်ခံထားသည်။

ယခုနှစ်ဆန်းပိုင်းကစ၍ မိုးဗြဲမြို့ကို ပြန်လည် ထိန်းချုပ်ရန် စစ်ကောင်စီသည် မြို့၏ (၂)မိုင်ကျော်အကွာအဝေးနှင့် မြောက်ဘက်ခြမ်းတွင်ရှိသော ခြေမြန်တပ်ရင်း ခမရ-၄၂၂တပ် တွင်းသို့ အင်အား ၃၀၀ ထက်မနည်း ဖြည့်တင်း ကာ စစ်ကြောင်းမကြာခဏထိုးခဲ့ပြီး ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစ၍ တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။

ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်၏ ဝင်ပေါက်၊ ထွက်ပေါက်ဖြစ်သည့် မိုးဗြဲမြို့သည် နှစ်ဖက် တပ်များအတွက် စစ်ရေးအရအရေးပါသည့် နယ်မြေ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သား ၂ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ၊ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။