Connect with us

Hi, what are you looking for?

သတင်း

ဝေါမြို့နယ်ရှိ စစ်ကောင်စီ၏ X-Ray စစ်ဆေးဂိတ်အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ဟု ပကဖ ပြော

ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပေါ်ရှိ စစ်ကောင်စီ၏ X-Ray စက်တပ်ဆင်ထားသည့် စစ်ဆေးရေးဂိတ်အား ယနေ့(မတ်လ ၈ရက်)နံနက်က ရှော့တိုက်ဒုံးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဝေါမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ရန် ရှော့တိုက်ဒုံးများအား တော်လှန်ရေးရဲဘော်များက ပြင်ဆင်နေစဥ်။ ဓာတ်ပုံ/ဝေါ-ပကဖ

ကျော်ဇော/People’s Spring

ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပေါ်ရှိ စစ်ကောင်စီ၏ X-Ray စက်တပ်ဆင်ထားသည့် စစ်ဆေးရေးဂိတ်အား ယနေ့(မတ်လ ၈ရက်)နံနက်က ရှော့တိုက်ဒုံးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဝေါမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မတ်လ ၈ ရက်(ယနေ့)နံနက် ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်း၊ ညောင်ခါးရှည်လမ်းဆုံရှိ စစ်ကောင်စီ X-Ray ဂိတ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုရှိနိုင်ကြောင်း ၎င်းက ပြောသည်။

“စက်ထားတဲ့နေရာကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပေါ့။ မြေပြင် သတင်းပို့မှုအရ စက်နားကို နှစ်လုံးကျတယ်။ လယ်ကွင်းအစပ်ကို တစ်လုံးကျတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး”ဟု ဝေါမြို့နယ်(ပကဖ)မှ ပြောခွင့်ရသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေတွင် အထက်ပါ X-Ray ဂိတ် တိုက်ခိုက်ခံရမှုကြောင့် ဝေါမြို့နယ်အတွင်း စစ်ကောင်စီလက်ခံအောက် ပဲခူးခရိုင်ရဲမှူးကိုယ်တိုင် နယ်မြေဆင်း၍ လုံခြုံရေးအရ တင်းကြပ်စစ်ဆေးမှုများလုပ်နေပြီး တိုက်ခိုက်ခဲ့သော တော်လှန်ရေးရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ရန်ကုန်-မော်လမြိုင်လမ်း၊ ညောင်ခါးရှည်လမ်းဆုံရှိ X-Ray စက်တပ်ဆင်ထားသော စစ်ဆေးရေးဂိတ်သည် စစ်တပ်အာဏာသိမ်းပြီးနောက် ကုန် တင်ယာဥ်များနှင့် ခရီးသွားယာဥ်များအား တားဆီးစစ်ဆေးရာတွင် နာမည်ဆိုးနှင့် ကျော်ကြားသည့် ဂိတ်တစ်ဂိတ်ဖြစ်ပြီး ယင်းဂိတ်အား တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုသည် ပထမဆုံးအကြိမ်ဖြစ် သည်။

ဝေါမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်လျှက်ရှိရာ ပြီးခဲ့သည့် ၂၀၂၄အတွင်း ညောင်ခါးရှည်ရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခြင်း၊ အုတ်ဖိုကျေးရွာ ပျူစောထီးဂိတ်အား တိုက်ခိုက်ခြင်းနှင့် ရှမ်းကိုင်းရေကာတာ စစ်ကောင်စီဂိတ်အား ဝင်ရောက်တိုက်ခိုက်မှုများရှိခဲ့ပြီး သေနတ်ခြောက်လက် ရခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမှာရှိတဲ့ ဘုရင့်နောင်တိုက်ခိုက်ရေး သင်တန်း‌ကျောင်းမှာပြုလုပ်တဲ့ စစ်တပ်ရဲ့ တပ်မတော်နေ့ အခမ်းအနားကို ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar -BWM အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဖွင့်ဆိုရှင်းပြ

စစ်အာဏာရှင်တွေကို တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရှော့တိုက်ဒုံးကို အသုံးများပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ၁၀၇ မမ (107mm) ရှော့တိုက်ဒုံးတွေကို အသုံးများပါတယ်။ ဒုံးကို ကားပေါ်တင်ပြီး ဒါမှမဟုတ် မြေပြင်မှာ အောက်ခံခုံလုပ်ပြီး ပစ်ခတ်လေ့ရှိကြပါတယ်။

သတင်း

စစ်ကောင်စီ​၏ တောင်ပိုင်တိုင်းစစ်ဌာနချုပ် (တပခ)နှင့် တောင်ငူလေတပ်စခန်း တိုက်ခိုက်သည့် ဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်ထိခိုက်မှုများရှိကြောင်း Brave Warriors for Myanmar (BWM)က အသိပေးထားသည်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ​၏ ခမရ(၅၈၈) တပ်ရင်းမှူးနေအိမ်နှင့်လက်နက်တိုက်ကို တော်လှန်​ရေးတပ်များ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃) စစ်ဆင်ရေးမှူး၊ ဒေါနစစ်ကြောင်းမှူးလည်းဖြစ်သူ စောဒါးကိုက လူထုနွေဦးသို့ပြောသည်။