Connect with us

Hi, what are you looking for?

News

တက္ကသိုလ်တွေပြန်ဖွင့်ဖို့ ကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့စစ်ကောင်စီစီစဉ်

စစ်ကောင်စီဟာအာဏာသိမ်းပြီးနောက် တိုင်းပြည် ပုံမှန်အတိုင်းလည်ပတ်နေတယ်ဆိုပြီး နိုင်ငံတကာကို ပြသချင်တဲ့အတွက် ကျောင်းတွေ၊တက္ကသိုလ်တွေကို ဖွင့်လှစ်ဖို့စိုင်းပြင်းနေတာပါ။

တက္ကသိုလ်၊ကောလိပ်တွေပြန်ဖွင့်နိုင်ဖို့အတွက် တက္ကသိုလ်ကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ စစ်ကောင်စီ ဟာ စီစဉ်နေပါတယ်။

ဒီလိုထိုးပေးရာမှာလည်း လက်ရှိတက်ရောက်ဆဲ ကျောင်းသူကျောင်းသားတွေကို သာ ဦးစားပေးထိုးပေးမှာလို့သိရပါတယ်။

စစ်ကောင်စီဟာအာဏာသိမ်းပြီးနောက် တိုင်းပြည် ပုံမှန်အတိုင်းလည်ပတ်နေတယ်ဆိုပြီး နိုင်ငံတကာကို ပြသချင်တဲ့အတွက် ကျောင်းတွေ၊တက္ကသိုလ်တွေကို ဖွင့်လှစ်ဖို့စိုင်းပြင်းနေတာပါ။

အခြေခံပညာကျောင်းတွေကိုတော့ အသက် ၁၂ နှစ်အထက် ကျောင်းသူ၊ကျောင်းသားတွေကို ကာကွယ်ဆေးထိုးပေးပြီး နိုဝင်ဘာလ ၁ ရက်က ဖွင့်လှစ်ခဲ့ပေမယ့် တက်ရောက်သူမရှိသလောက်နည်းပါးနေတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement

တက္ကသိုလ်တွေမှာလည်း တက်ရောက်သူဟာ လက်ချိုးရေလို့ရတဲ့အနေအထားဖြစ်နေတာပါ။

အာဏာသိမ်းတာကိုဆန့်ကျင်တဲ့အနေနဲ့ တက္ကသိုလ်ဆရာ ၊ဆရာမတွေ အများစုဟာ CDM လုပ်ကြသလို ကျောင်းသူ၊ကျောင်းသားတွေဟာလည်း တက်ရောက်တာမရှိခဲ့ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။