Connect with us

Hi, what are you looking for?

LuduNwayOo

News

တက္ကသိုလ်တွေပြန်ဖွင့်ဖို့ ကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့စစ်ကောင်စီစီစဉ်

စစ်ကောင်စီဟာအာဏာသိမ်းပြီးနောက် တိုင်းပြည် ပုံမှန်အတိုင်းလည်ပတ်နေတယ်ဆိုပြီး နိုင်ငံတကာကို ပြသချင်တဲ့အတွက် ကျောင်းတွေ၊တက္ကသိုလ်တွေကို ဖွင့်လှစ်ဖို့စိုင်းပြင်းနေတာပါ။

တက္ကသိုလ်၊ကောလိပ်တွေပြန်ဖွင့်နိုင်ဖို့အတွက် တက္ကသိုလ်ကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ စစ်ကောင်စီ ဟာ စီစဉ်နေပါတယ်။

ဒီလိုထိုးပေးရာမှာလည်း လက်ရှိတက်ရောက်ဆဲ ကျောင်းသူကျောင်းသားတွေကို သာ ဦးစားပေးထိုးပေးမှာလို့သိရပါတယ်။

စစ်ကောင်စီဟာအာဏာသိမ်းပြီးနောက် တိုင်းပြည် ပုံမှန်အတိုင်းလည်ပတ်နေတယ်ဆိုပြီး နိုင်ငံတကာကို ပြသချင်တဲ့အတွက် ကျောင်းတွေ၊တက္ကသိုလ်တွေကို ဖွင့်လှစ်ဖို့စိုင်းပြင်းနေတာပါ။

အခြေခံပညာကျောင်းတွေကိုတော့ အသက် ၁၂ နှစ်အထက် ကျောင်းသူ၊ကျောင်းသားတွေကို ကာကွယ်ဆေးထိုးပေးပြီး နိုဝင်ဘာလ ၁ ရက်က ဖွင့်လှစ်ခဲ့ပေမယ့် တက်ရောက်သူမရှိသလောက်နည်းပါးနေတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement

တက္ကသိုလ်တွေမှာလည်း တက်ရောက်သူဟာ လက်ချိုးရေလို့ရတဲ့အနေအထားဖြစ်နေတာပါ။

အာဏာသိမ်းတာကိုဆန့်ကျင်တဲ့အနေနဲ့ တက္ကသိုလ်ဆရာ ၊ဆရာမတွေ အများစုဟာ CDM လုပ်ကြသလို ကျောင်းသူ၊ကျောင်းသားတွေဟာလည်း တက်ရောက်တာမရှိခဲ့ပါဘူး။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။