Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ စက်မှုဇုန်များတွင် “ILO A 33 MYANMAR 2025” အင်္ကျီများဝတ်ပြီး စစ်ကောင်စီအား အရေးယူရန် တောင်းဆို

ရန်ကုန်မြို့ရှိ စက်မှုဇုန်များနှင့် နေရာအချို့တွင် တော်လှန်လူငယ်အချို့က ဦးဆောင်ကာ “ILO A 33 MYANMAR 2025″အင်္ကျီများ ဝတ်ဆင်ပြီး အလုပ်သမားထုအပေါ် စစ်ကောင်စီ၏ ဖိနှိပ်နေမှုများအား ILOညီလာခံတွင် အရေးယူပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုကို ယနေ့ (မတ်လ ၁၀) ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့

သတိုး၊သုည/People’s Spring

ရန်ကုန်မြို့ရှိ စက်မှုဇုန်များနှင့် နေရာအချို့တွင် တော်လှန်လူငယ်အချို့က ဦးဆောင်ကာ “ILO A 33 MYANMAR 2025″အင်္ကျီများ ဝတ်ဆင်ပြီး အလုပ်သမားထုအပေါ် စစ်ကောင်စီ၏ ဖိနှိပ်နေမှုများအား ILOညီလာခံတွင် အရေးယူပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုကို ယနေ့ (မတ်လ ၁၀) ပြုလုပ်ခဲ့သည်။

လှုပ်ရှားမှုအနေဖြင့် စက်မှုဇုန်များ ၊ ဘူတာနှင့် ဈေးများတွင် သပိတ်ရဲဘော်များက “ILO A 33 MYANMAR 2025 ” စာတန်းပါ အင်္ကျီများကို ဝတ်ဆင်ခဲ့ကြသည်။

ယင်းလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့နှင့်အတူ ရန်ကုန်မြေပြင်သပိတ်အင်အားစုများမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းမှုကာလအတွင်း စစ်ကောင်စီသည် အလုပ်သမားများအပေါ် အတင်းအဓမ္မလုပ်အားခိုင်းစေခြင်း၊ လွပ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် စည်းရုံးခွင့်များအား ပိတ်ပင်ခြင်းများ ပြုလုပ်လျှက်ရှိရာ အလုပ်သမားများ၏ အခြေခံအခွင့်အရေးများအား ကာကွယ်ပေးသည့် (ILO) ၏ စံနှုန်းများ အပေါ်လိုက်နာမှုမရှိသည့်အတွက် ပုဒ်မ ၃၃ဖြင့်အရေးယူပေးပါရန် တော်လှန်ညီနောင်(၄)ဖွဲ့က တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရွှေပြည်သာမြို့နယ်မှာဖွင့်ထားတဲ့ နေရွှေဝင်းအထည်ချုပ်စက်ရုံရဲ့ကြေငြာသင်ပုန်းအရှေ့ မှာ အလုပ်သမားတွေတရုန်းရုန်းနဲ့ဖြစ်နေပြီး HRဌာနက ကပ်သွားတဲ့ကြေညာစာကို တိုးဝှေ့ဖတ်ရှုနေ ကြပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဇန်နဝါရီအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးခံရသူ ၇၈ဦးရှိတယ်လို့ Rangoon Scout Network (RSN)က ဖော်ပြထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။

သတင်း

ဩဂုတ်လအတွင်း ရန်ကုန်မြို့၌ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ၁၆၀ ကျော်ရှိကြောင်း ရန်ကုန် မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network ကထုတ်ပြန်သည်။