ရန်ကုန်မြို့ရှိ စက်မှုဇုန်များနှင့် နေရာအချို့တွင် တော်လှန်လူငယ်အချို့က ဦးဆောင်ကာ “ILO A 33 MYANMAR 2025″အင်္ကျီများ ဝတ်ဆင်ပြီး အလုပ်သမားထုအပေါ် စစ်ကောင်စီ၏ ဖိနှိပ်နေမှုများအား ILOညီလာခံတွင် အရေးယူပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုကို ယနေ့ (မတ်လ ၁၀) ပြုလုပ်ခဲ့သည်။
လှုပ်ရှားမှုအနေဖြင့် စက်မှုဇုန်များ ၊ ဘူတာနှင့် ဈေးများတွင် သပိတ်ရဲဘော်များက “ILO A 33 MYANMAR 2025 ” စာတန်းပါ အင်္ကျီများကို ဝတ်ဆင်ခဲ့ကြသည်။
ယင်းလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့နှင့်အတူ ရန်ကုန်မြေပြင်သပိတ်အင်အားစုများမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
အာဏာသိမ်းမှုကာလအတွင်း စစ်ကောင်စီသည် အလုပ်သမားများအပေါ် အတင်းအဓမ္မလုပ်အားခိုင်းစေခြင်း၊ လွပ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် စည်းရုံးခွင့်များအား ပိတ်ပင်ခြင်းများ ပြုလုပ်လျှက်ရှိရာ အလုပ်သမားများ၏ အခြေခံအခွင့်အရေးများအား ကာကွယ်ပေးသည့် (ILO) ၏ စံနှုန်းများ အပေါ်လိုက်နာမှုမရှိသည့်အတွက် ပုဒ်မ ၃၃ဖြင့်အရေးယူပေးပါရန် တော်လှန်ညီနောင်(၄)ဖွဲ့က တိုက်တွန်းခဲ့သည်။
