Connect with us

Hi, what are you looking for?

သတင်း

သပိတ်လှုပ်ရှားမှုတွေမှာ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ မေတ္တာရပ်ခံ

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်တဲ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သပိတ်လှုပ်ရှားမှုတွေအပေါ် ပြည်သူတွေအနေနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ပေးကြဖို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ဩဂုတ်-၁၃၊၂၀၂၆။သတိုး/People’s Spring

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်တဲ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သပိတ်လှုပ်ရှားမှုတွေအပေါ် ပြည်သူတွေအနေနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ပေးကြဖို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။

၈လေးလုံးအရေးတော်ပုံ (၃၈) နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ တော်လှန်ရေး မှတ်တမ်းတွေကို ပရိုဂျက်တာနဲ့ပြသခဲ့တဲ့ လှုပ်ရှားမှုမှာ ပြည်သူတစ်ဦးက ပရိုဂျက်တာကို ခြေထောက်နဲ့ကန်ခဲ့တာကြောင့် အဲဒီ့လုပ်ဆောင်မှုကို ရှုတ်ချကြောင်း ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က ရုပ်သံမှတ်တမ်းနဲ့အတူ ဖော်ပြထားပါတယ်။

“လူထု၏ ငြိမ်းချမ်းစွာ ထုတ်ဖော်ပြသခွင့်နှင့် တော်လှန်ရေးမှတ်တမ်းများကို လေးစားတန်ဖိုးထားရန် လိုအပ်ပါသည်။ လူတစ်ဦးနှင့်တစ်ဦး မတူညီသော အမြင်များ၊ သဘောထားများ ရှိနိုင်သော်လည်း လူထုလှုပ်ရှားမှုများအတွင်း အနှောင့်အယှက်ပေးခြင်း၊ ပစ္စည်းများ ဖျက်ဆီးခြင်းနှင့် အခြားသူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ကို ထိခိုက်စေမည့် အပြုအမူများကို ရှောင်ကြဉ်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။” လို့ အဖွဲ့က တောင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့မှာ တော်လှန်ရေးအင်အားစုတွေ သွေးမအေးကြောင်း ပြသတဲ့အနေနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးနိုင်တဲ့အန္တရာယ်၊ ရာသီဥတုအခြေအနေတွေကြားထဲကနေ သပိတ်အဖွဲ့တွေက လှုပ်ရှားမှုတွေကို တတ်နိုင်သလောက်ပြုလုပ်နေကြတာဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူတွေဘက်ကလည်း သပိတ်လှုပ်ရှားမှုတွေကို ဖျက်ဆီးတဲ့ လုပ်ရပ်တွေ မလုပ်ကြဖို့ ‌အပြုသဘောဆောင်ပြီးပူးပေါင်းဆောင်ရွက်ပေးဖို့ အဖွဲ့တွေက မေတ္တာရပ်ခံထားတာပါ။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့ ရည်ရွယ်တဲ့ Blue Shirt လှုပ်ရှားမှု‌မှာ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့ (Yangon 4 Brothers) က ပြည်သူတွေနဲ့အတူပါဝင်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၃)မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၅)မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ BIMSTEC အစည်းအဝေးကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဖိတ်ကြားမှုကို ကန့်ကွက်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ရန်ကုန်၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၃)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။