Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက်မှာ ဆောက်လုပ်ဆဲ တံတားပေါ်က ကွန်ကရစ်ပိုင်း ပြိုကျပြီး ၅ ဦးထက်မနည်း သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုမှာ ဆောက်လုပ်ဆဲ တံတားတစ်စင်းရဲ့ ကွန်ကရစ် အပိုင်း ပြိုကျမှုကြောင့် ဆောက်လုပ်ရေး အလုပ်သမား ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုမှာ ဆောက်လုပ်ဆဲ တံတားတစ်စင်းရဲ့ ကွန်ကရစ် အပိုင်း ပြိုကျမှုကြောင့် ဆောက်လုပ်ရေး အလုပ်သမား ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

အခင်းဖြစ်ပွားတဲ့ တံတားဟာ ချောင်သွမ် ခရိုင်ထဲက ရာမ ၂ အဓိက လမ်းမကြီး တည်ဆောက်မှု စီမံကိန်းနဲ့ ဆက်စပ်ပြီး ဆောက်လုပ်နေတာ ဖြစ်ပါတယ်။ အဲဒီ ရာမ ၂ လမ်း စီမံကိန်းရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အရင်ကလည်း လူသေဆုံးတဲ့ မတော်တဆမှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။

မတ်လ ၁၅ ရက်နေ့ အစောပိုင်းက ကွန်ကရစ်တုံးကြီး တစ်ခုဟာ အမြင့်ကနေ ပြုတ်ကျခဲ့ပြီး လူအသေအပျောက်တွေ ရှိခဲ့တယ်လို ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ နောက်တော့ ကယ်ဆယ်ရေး အဖွဲတွေနဲ့ အာဏာပိုင်တွေက အခင်းဖြစ်ရာဆီ အလျင်အမြန် သွားရောက်ပြီး အပျက်အစီးပုံကို ယန္တရားကြီးတွေ သုံးပြီး ဖယ်ရှားခဲ့သလို ပိမိနေတဲ့ ရုပ်အလောင်းတွေကိုပါ အနံ့ခံ ခွေးတွေရဲ့ အကူအညီနဲ့ ရှာတွေ့ခဲ့ပါတယ်။

ဒေသစံတော်ချိန် မနက် ၇း၀၀ နာရီ အချိန်ထိ အခြေအနေအရ အလုပ်သမား ၅ ဦးသေပြီး ၂၇ ဦး ဒဏ်ရာရတယ် ဆိုတာကို အတည်ပြုထားပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေစဉ် အတောအတွင်း အနီးမှာရှိတဲ့ ချောင်သွမ် လမ်းမကြီးကို ယာယီ ပိတ်ထားပါတယ်။

Public Service Announcement

Public Service Announcement

ထိခိုက်သေဆုံးသူတွေ စာရင်းမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားတွေ ပါဝင်သလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ရာမ ၂ လမ်းဟာ ဘန်ကောက်မြိုတော်ကို အပန်းဖြေ မြိုတစ်ခုဖြစ်တဲ့ ဟွာဟင် အပါအဝင် တောင်ပိုင်း ဒေသတွေနဲ့ ဆက်စပ်ပေးမယ့် လမ်းမကြီး ဖြစ်ပါတယ်။ ဒါပေမဲ့ လမ်းမကြီးရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ ကြန့်ကြာနေမှုကြောင့် လမ်းဖောက်တဲ့ စီမံကိန်း တဝိုက်မှာ ယာဉ်ကြော ပိတ်ဆိုမှုတွေ ဖြစ်ပေါ်လေ့ ရှိပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တုန်းကလည်း အဲဒီ လမ်းစီမံကိန်းမှာ ကွန်ကရစ်တုံး အပိုင်းလိုက် ပြုတ်ကျမှုကြောင့် ဆောက်လုပ်ရေးလုပ်သား ၆ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ အလားတူ အဲဒီနှစ် ဇန်နဝါရီ ၁၈ ရက်နေ့မှာလည်း ပဲ့ကျတဲ့ ကွန်ကရစ်ပိုင်းကြောင့် အလုပ်သမား ၁ ဦး သေဆုံးခဲ့ပြီး ကရိန်းတစ်ခု ကျိုးသွားစေခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် မေလတုန်းကလည်း ပြုတ်ကျလာတဲ့ ကွန်ကရစ်တုံး ပိမိပြီး ၁ ဦး အသက်ဆုံးရှုးခဲ့ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ထိုင်းရဲစခန်းတစ်ခုလုံးကို နှင်းဆီပန်းတွေ ဝေခဲ့ဟု​ခေတ္တဖမ်းဆီးစစ်ဆေးခံရသူပြော

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဘတ်စ်ကားကို ဝင်တိုက်ခဲ့တဲ့ ရထားရဲ့ စက်ခေါင်း မောင်းသူက မူးယစ်ဆေး သုံးစွဲလေ့ရှိတယ်လို့ ဝန်ခံခဲ့ကြောင်း ရဲတွေက ပြောပါတယ်။