Connect with us

Hi, what are you looking for?

သတင်း

အင်းတော် – ကသာကြားတိုက်ပွဲ စစ်တပ်အရာရှိအပါအဝင်စစ်သုံ့ပန်း၂၉ဦးဖမ်းမိပြီး ၄၀ခန့်သေဆုံး

စစ်ကိုင်းတိုင်း၊ အင်း‌တော် နှင့် ကသာမြို့နယ်ကြားတွင် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းအား တော်လှန်ရေးရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိအချို့အပါအဝင် စစ်သုံ့ပန်း၂၉ဦး ဖမ်းမိပြီး ၄၀ ခန့် သေဆုံးကြောင်း ကသာမြို့နယ်မှ သတင်းရင်းမြစ်က ပြောသည်။

အင်း​တော်သို့စစ်ကူသွား​သောစစ်​ကြောင်း ​တော်လှန်​​ရေးတပ်များဝိုင်းတိုက်၍ ​သေဆုံး ၊ဒဏ်ရာရသူ ၊ စစ်သုံ့ပန်းများစွာဖြင့် တပ်ပျက်သွားပြီး​နောက် သိမ်းဆည်းရရှိ​သော​သေနတ်များ။ ဓါတ်ပုံ-ကချင်​တောင်တန်း

မိထက်၊ဟန်နွေ/People’s Spring

စစ်ကိုင်းတိုင်း၊ အင်း‌တော် နှင့် ကသာမြို့နယ်ကြားတွင် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းအား တော်လှန်ရေးရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိအချို့အပါအဝင် စစ်သုံ့ပန်း၂၉ဦး ဖမ်းမိပြီး ၄၀ ခန့် သေဆုံးကြောင်း ကသာမြို့နယ်မှ သတင်းရင်းမြစ်က ပြောသည်။

ကသာမြို့အခြေစိုက် အမှတ်(၃၀၉)ခြေမြန်တပ်ရင်း (ခမရ-၃၀၉)မှ ထွက်လာသော စစ်ကြောင်းအား မတ်လ ၁၅ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” သုံ့ပန်းတွေ ရထားတယ်။ အရာရှိတွေလည်းပါတယ်။ ကျနော်တို့ရဲ့ သတ်ကွင်းထဲကို တည့် တည့်ဝင်လာတာ”ဟု တော်လှန်ရေးထောက်ပို့ရဲ ဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း ကသာမြို့ဘက်မှ အင်းတော်မြို့ဘက်သို့ စစ်ကူရန် ထွက်လာသည့် အင်အား ၁၅၀ခန့်ပါ စစ်ကြောင်းကို KIA/PDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က အထိနာခဲ့သည်ဟု ဆိုသည်။

ထိုသို့ ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က ၄၀ခန့်သေဆုံးကာ ၂၉ဦး အရှင်ဖမ်းမိခဲ့ကြောင်း နှင့် ထိခိုက်သူများပြားပြီး စစ်ကြောင်းဖွဲ့စည်းပုံပျက်ကာ ကသာဘက်သို့ ပြန်ဆုတ်ခွာသွားကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့မှု နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးနေသည့် မှတ်တမ်းကိုလည်း သတင်းရင်းမြစ်က ပြသသည်။

လက်ရှိတွင် အင်းတော်ဒေသ နေရာအများစုကို ပူးပေါင်းတပ်ကထိန်းချုပ်ထားဟု ၎င်းကဆိုသည်။

“နေ့တိုင်း ထိတွေ့မှုတော့ရှိတယ်”ဟုလည်း ကချင်သတင်းရင်းမြစ်က အင်းတော်ဒေသ စစ်ရေး အခြေအနေကို ပြောပြသည်။

ကသာမြို့တွင် ခမရ(၃၀၉)တပ်ရင်းသည် အဓိကတပ်စွဲထားပြီး စစ်သင်တန်းဆင်းတပ်သားသစ်အများအပြားပါဝင်သည့် စစ်ကြောင်းကို အင်းတော်မြို့ပို့ဆောင်ရန်ကြိုးပမ်းခြင်းဟု အင်းတော်မြို့မှ တော်လှန်ရဲဘော်တစ်ဦးက ပြောသည်။

မတ်လ ၁၅ရက်ကတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဘက်မှ ထိခိုက်သူအချို့ ရှိခဲ့သည်။ တိုက်ပွဲသတင်းကို အမှတ်(၁)စစ်ဒေသက မကြာမီထုတ်ပြန်ရန်ရှိနေသည်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ရက်သတ္တပတ်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲနဲ့ သီတင်းကျွတ်ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။