Connect with us

Hi, what are you looking for?

သတင်း

ပြည်ကြီးတံခွန်မြို့နယ်မှာ စစ်မှုထမ်းအပတ်စဉ် (၁၁)မဲစာရင်းမပါချင်ရင် ကျပ်သိန်း ၁၀၀အထိ တောင်းယူ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ စစ်မှုထမ်းအပတ်စဉ် (၁၁)အတွက်ဆိုပြီး မဲနှိုက်တာတွေ စတင်လုပ်နေပြီး မြို့နယ်စစ်ကောင်စီအဖွဲ့က မဲစာရင်းထဲမပါချင်ရင် ကျပ်သိန်း၁၀၀အထိ တောင်းယူတာတွေ လုပ်နေတ‌‌ယ်လို့ ‌‌‌ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့၊ စစ်ကောင်စီရဲ့ ပြည်ကြီးတံခွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ

မတ်-၁၉၊ ၂၀၂၅။မေ/People’s Spring

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ စစ်မှုထမ်းအပတ်စဉ် (၁၁)အတွက်ဆိုပြီး မဲနှိုက်တာတွေ စတင်လုပ်နေပြီး မြို့နယ်စစ်ကောင်စီအဖွဲ့က မဲစာရင်းထဲမပါချင်ရင် ကျပ်သိန်း၁၀၀အထိ တောင်းယူတာတွေ လုပ်နေတ‌‌ယ်လို့ ‌‌‌ဒေသခံတွေက ပြောပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်၊စက်မှု (၁)၊စက်မှု(၂)နဲ့ သင်ပန်းကုန်းရပ်ကွက်တွေမှာ မတ်လဒုတိယပတ်မှာ မဲနှိုက်တာတွေ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

တခြားမြို့နယ်တွေမှာ အပတ်စဉ်(၁၁)ခေါ်ယူမှုသတင်းမရသေးပေမယ့် ပြည်ကြီးတံခွန်မြို့နယ်ထဲက အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်အလိုက် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြည်သူတွေ ခေါ်ယူမဲနှိုက်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“နှိုက်ရမယ့် မဲစာရင်းပယ်ချင်ရင် သိန်း၁၀၀ ဆိုပြီး တောင်းတယ်။ကျွန်တော့်အကိုက ၃၅သိန်းနဲ့ ပြတ်သွားတယ်”လို့ မြို့ခံလူငယ်တစ်ဦးက ပြောပါတယ်။

အဲဒီငွေကြေးဟာ အပတ်စဉ်တစ်ခုအတွက်သာ အာမခံတယ်လို့ ရပ်ကွက်ရုံးက ပြောတယ်လို့လည်း သူက ပြောပါတယ်။

တခြား ငွေပေးထားတဲ့သူတွေကိုလည်း ‌‌နေ့စဉ် အရာရှိကျွေးမွေးဖို့ဆိုပြီး ဖုန်းဆက်ကာ ထပ်မံ ငွေတောင်းယူတာတွေ လုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်ဟာ ပေါက်ကိုယ်တော်ပျူစောထီးနဲ့ လူမိုက်ဂိုဏ်းဆိုသူတွေ စိုးမိုးတဲ့ မြို့နယ်ဖြစ်ပြီး လမ်းသွားလာသူတွေရဲ့ ဖုန်းတွေကိုစစ်ကာ ငွေတောင်းယူလေ့ရှိတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

မန္တလေးသပိတ်အင်အားစုရဲ့ ကောက်ယူထားတဲ့အချက်အလက်တွေအရ မန္တလေး(၇)မြို့နယ်မှာ ၂၀၂၅ ဇန်နဝါရီ ၁ရက်ကနေ ၃၁ရက်အထိ တစ်လတာအတွင်း မတရားအဖမ်းဆီးခံရသူ လူငယ်ပေါင်း ၂၃၇ ဦးထက်မနည်း ရှိခဲ့ပါတယ်။

အဲဒီအထဲမှာ မဟာအောင်မြေမြို့နယ်က အများဆုံးဖြစ်ပြီး(၄၆)ဦးအထိ ခေါ်ယူခံခဲ့ရတယ်။ တခြားမြို့နယ်တွေကတော့ အောင်မြေသာဇံမြို့နယ်မှာ (၃၂)ဦး၊ ချမ်းအေးသာဇံမြို့နယ်မှာ (၂၇)ဦး၊ ချမ်းမြသာစည်မြို့နယ်မှာ (၃၀)ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ (၃၅)ဦး၊ ပုသိမ်ကြီးမြို့နယ်မှာ (၃၄)ဦးနဲ့ အမရပူရမြို့နယ်မှာ (၃၃)ဦးအထိ ရှိခဲ့ပါတယ်။

မြေပြင်သတင်းမီဒီယာများ အပေါ်မှာ အခြေခံပြီး စာရင်းပြုစုရခြင်းဖြစ်တာကြောင့် မြေပြင်မှာ မတရားဖမ်းဆီးခံရမှုတွေ ပိုများနိုင်တယ်လို့ မန္တလေး သပိတ်အင်အားစုက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ရန်ကုန်၊ မန္တလေးအပါအဝင် သူတို့ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာ စစ်မှုထမ်းဖို့ လူငယ်အများအပြားကို ဖမ်းဆီးနေပြီး တစ်နှစ်အတွင်း လူငယ်ထောင်ချီ ဖမ်းဆီးခဲ့ရာမှာ အခုဆိုရင် စစ်မှုထမ်းအပတ်စဥ် (၁၁)ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီကတော့ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁၁) သင်တန်းဖွင့်ပွဲတွေကို တိုင်းစစ်ဌာနချုပ်တွေမှာ လုပ်ခဲ့တယ်လို့ မတ်လ ၁၇ရက်က ကြေညာထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံအနှံ့တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေကို စစ်မှုထမ်းတပ်သားသစ်တွေကို စေလွှတ်ပြီး ‌ရှေ့တန်းပို့နေပါတယ်။ ဒါ့ကြောင့် သေဆုံးမှုတွေနဲ့ စစ်တပ်ကနေထွက်ပြေးပြီးတော့ တော်လှန်ရေးအဖွဲ့တွေထံ သွားရောက်ခိုလှုံသူ များပြားလာနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

Facebook