Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမှာ စစ်မှုထမ်းဖို့ လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့စာရေး ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်မှုထမ်းဖို့ လူစုပေးနေတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးစာရေးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၁)စုဆောင်းခံရသူတွေ သင်တန်းတက်ရောက်နေစဉ်။ ဓာတ်ပုံ - စကစ

မတ် ၂၀၊၂၀၂၅။ မင်းညို/People’s Spring

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်မှုထမ်းဖို့ လူစုပေးနေတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးစာရေးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၁၇ ရက် နေ့လယ် ၁ နာရီခန့်က ဝမ်းတွင်းမြို့နယ်၊ ရိုးကန်ကျေးရွာနေ အသက်(၄၅)နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဌေးမောင်နဲ့ အသက် (၃၉)နှစ်အရွယ် ရပ်ကျေးစာရေး မျိုးဇင်ဝင်းတို့ကို နေအိမ်ထဲအထိ လူတစ်စုက ဝင်ရောက်ပစ်ခတ်လို့ နှစ်ဦးလုံး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

သူတို့ နှစ်ဦးဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ လူငယ်တွေစာရင်းကောက်ပေးတာ၊ ဝမ်းတွင်းမြို့ပေါ်ကို သွားရောက်ပို့ဆောင်တာတွေ ပြုလုပ်ပေးနေသူတွေလို့လည်း ဒေသခံတွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“အုပ်ကြီးအိမ်ကို စာရေးပါခေါ်ပြီး ရောက်မှ နှစ်ကောင်လုံးကို ဇာတ်သိမ်းပေးသွားတာတဲ့။”လို့ ဒေသခံတဦးက ပြောပါတယ်။

အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးစာရေးကို ဘယ်အဖွဲ့တွေက ပစ်ခတ်သွားတယ်ဆိုတာတော့ မသိရသေးပါဘူး။

ဝမ်းတွင်းမြို့နယ်မှာ စစ်မှုထမ်းဖို့ လူငယ်တွေ အများအပြား ဖမ်းဆီးခံနေရပြီး ပြီးခဲ့တဲ့ မတ်လ ပထမအပတ်အတွင်းမှာတင် လူငယ်လေးဆယ်ကျော် ဖမ်းဆီးခံရတယ်လို့ ဒေသခံများက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ရန်ကုန်၊ မန္တလေးအပါအဝင် သူတို့ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာ စစ်မှုထမ်းဖို့ လူငယ်အများအပြားကို ဖမ်းဆီးနေပြီး တစ်နှစ်အတွင်း လူငယ်သောင်းချီ ဖမ်းဆီးခဲ့ရာမှာ အခုဆိုရင် စစ်မှုထမ်းအပတ်စဥ် (၁၁)ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာ စစ်မှုထမ်းဖို့ လူငယ်အများအပြား ဖမ်းဆီးနေပြီး တစ်နှစ်အတွင်းမှာ လူငယ်သောင်းချီ ဖမ်းဆီးခဲ့ရာ လက်တလောမှာ စစ်မှုထမ်းအပတ်စဥ် (၁၁) ရောက်ရှိနေပြီဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁၁) သင်တန်းဖွင့်ပွဲတွေကို တိုင်းစစ်ဌာနချုပ်တွေမှာ လုပ်ခဲ့တယ်လို့ မတ်လ ၁၇ရက်က ကြေညာထားပါတယ်။

နိုင်ငံအနှံ့တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေကို စစ်မှုထမ်းတပ်သားသစ်များ စေလွှတ်ပြီး ‌ရှေ့တန်းပို့နေပါတယ်။ ဒါ့ကြောင့် သေဆုံးသူတွေနဲ့ စစ်တပ်ကနေ ထွက်ပြေးပြီး တော်လှန်ရေးအဖွဲ့တွေထံ သွားရောက်ခိုလှုံသူတွေလည်း အများအပြားရှိနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကလည်း စစ်ကောင်စီရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းခံရတဲ့ တပ်သားသစ်တွေအနေနဲ့ ရတဲ့နည်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ ဆက်သွယ် အလင်းဝင် ပူးပေါင်းဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အခြေစိုက် တပ်မ (၁၀၁)လက်အောက်ခံ ခလရ (၂၃၅) တပ်ရင်းကို ရောက်ရှိနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ဦးဟာ သင်တန်းဆင်းပြီး ၁လအကြာမှာ COBRA ONE Pakokku တပ်ဖွဲ့ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။