Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်မြို့ကို စစ်ကောင်စီလေတပ် ဗုံးကြဲ

ကရင်အမျိုးသားအစည်းအရုံး (KNU) က ထိန်းချုပ်ထားတဲ့ ဖာပွန်မြို့ကို စစ်ကောင်စီလေတပ်က မတ်လ ၁၉ ရက်မှာ ဗုံးကြဲ တိုက်ခိုက်လာတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။

ဓာတ်ပုံ - Google Earth

မတ် – ၂၃ ၊ ၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်အမျိုးသားအစည်းအရုံး (KNU) က ထိန်းချုပ်ထားတဲ့ ဖာပွန်မြို့ကို စစ်ကောင်စီလေတပ်က မတ်လ ၁၉ ရက်မှာ ဗုံးကြဲ တိုက်ခိုက်လာတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။

မတ်လ ၁၉ ရက်က ဖာပွန်မြို့ နဲ့ ကျွန်းပင်ရွာကို ဗုံးကြဲခံရတာဖြစ်ပြီး လူသူထိခိုက်မှုတော့မရှိဘူးလို့ ဗိုလ်မှုးကြီး စောကလယ်ဒိုက အသိပေးပါတယ်။

ဖာပွန်မှာ တိုက်ပွဲ မဖြစ်ဘဲ စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက်ခိုက်တာလို့ သိရပါတယ်။ ဖာပွန်ဟာ KNU ရဲ့ နယ်မြေသတ်မှတ်ပုံအရ တပ်မဟာ (၅) နယ်မြေ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ နှစ် မတ်လ ကစတင်ပြီး ဖာပွန်မြို့ပေါ်က တပ်စွဲထားတဲ့ တပ်စခန်းတွေကို KNU နဲ့ ပူးပေါင်းတပ် တိုက်ခိုက်ခဲ့ပြီး နောက် မြို့ကို ထိန်းချုပ်ထားတာပါ။

ဖာပွန်မြို့ပြင်မှာ စစ်ကောင်စီတပ်ရဲ့ အခြေချ စစ်ဗျုဟာ ကျန်ရှိနေဆဲဖြစ်ပြီး KNU နဲ့ ပူးပေါင်းတပ်က ဝန်းရံ့ပိတ်ဆို့ ဖြတ်တောက်ထားပါတယ်။

ဖာပွန်ဆီ စစ်ကူတက်ရာ လမ်းဖြစ်တဲ့ ဖာပွန်- ကတိုင်တိ -ကမမောင်း လမ်းတလျှောက်က တပ်စခန်းကိုတွေကိုလည်း KNU နဲ့ ပူးပေါင်းတပ်က ရှင်းလင်းနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လက ဆိုရင် ကမမောင်းကနေ စစ်ကူတပ်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို မြို့အထွက်နားမှာတင် KNU နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်လန်ကျသွားခဲ့ပြီး ဒီနေ့အချိန်ထိ စစ်ကူထပ်တက်လာနိုင်တာ မရှိသေးဘူးလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မြေပြင်ကနေ စစ်ကြောင်းမထိုးနိုင်တော့ကြောင့် စစ်ကောင်စီတပ်ဟာ ဒရုန်း နဲ့ KNU ဌာနချုပ်ကို တိုက်ခိုက်တာ ၊ လေကြောင်းကို သုံးပြီး KNU တပ်စခန်းတွေကို ဗုံးကြဲတာတွေ ခပ်စိပ်စိပ်ပြုလုပ်လာတာကိုKNU က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။