Connect with us

Hi, what are you looking for?

News

တန့်ဆည် အထက(၂)အနီး ဗုံးပေါက်စဉ် စစ်ကောင်စီတပ်မှရမ်းပစ်၍ အမျိုးသမီးတစ်ဦးသေဆုံး

စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အမျိုးသမီးမှာ တန့်ဆည်အထက(၂)အနီးနေထိုင်သူဖြစ်ပြီး ဦးကျော်လွင်ဆိုသူ၏သမီးဖြစ်ကြောင်း ဒေသခံတစ်ဦးက အတည်ပြုသည်။

တန့်ဆည်မြို့ အထက(၂)အနီး ယနေ့(နိုဝင်ဘာ ၅)ရက်နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားသည့် ကျောင်းအနီးရှိနေ​သောစစ်ကောင်စီတပ်သားများက သေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး လည်ပင်းကျည် ထိမှန်သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်တစ်ခုဖြစ်သည့် Taze Newsက ဖော်ပြသည်။

ကျည်ထိမှန်သည့်အမျိုးသမီးအား စစ်ကောင်စီတပ်များက ဆေးရုံသို့ခေါ်ဆောင်သွားခဲ့သော်လည်း အမျိုးသမီးမှာ သေနတ်ဒဏ်ရာကြောင့် သေဆုံးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ​ပြောသည်။

စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အမျိုးသမီးမှာ တန့်ဆည်အထက(၂)အနီးနေထိုင်သူဖြစ်ပြီး ဦးကျော်လွင်ဆိုသူ၏သမီးဖြစ်ကြောင်း ဒေသခံတစ်ဦးက အတည်ပြုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် သေဆုံးသွားသည့်အမျိုးသမီးတွင် ကလေးတစ်ဦးကျန်ရစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့က စစ်ကောင်စီရဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။