Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖခင်ခိုင်းသမျှ လိုက်လုပ်နေရကြောင်း စွပ်စွဲချက်နဲ့ အယုံအကြည်မရှိအဆို တင်သွင်းခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်အပေါ် အတိုက်အခံ အင်အားစုတွေက အယုံအကြည်မရှိ အဆိုတင်သွင်းထားမှုအတွက် အပြန်အလှန် စကားစစ်ထိုးမှုတွေကို မတ်လ ၂၄ ရက်နေ့က လွှတ်တော်မှာ စတင်ခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်အပေါ် အတိုက်အခံ အင်အားစုတွေက အယုံအကြည်မရှိ အဆိုတင်သွင်းထားမှုအတွက် အပြန်အလှန် စကားစစ်ထိုးမှုတွေကို မတ်လ ၂၄ ရက်နေ့က လွှတ်တော်မှာ စတင်ခဲ့ပါတယ်။

အတိုက်အခံ ပြည်သူ့ပါတီ (PP)က ဖေထောင်ထန်ဟာ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း၊ ဘီလီယံနာ သူဌေးကြီး သက်ဆင် ရှီနာဝတ်ထ် ခိုင်းစေရာအတိုင်း လိုက်လုပ်နေရတဲ့ အဆင့်သာရှိပြီး ဝန်ကြီးချုပ် နေရာအတွက် အရည်အချင်း မပြည့်ဝဘူးလို့ စွပ်စွဲထားခဲ့ပါတယ်။

သက်ဆင်ဟာ ထိုင်းနိုင်ငံရေးမှာ ဩဇာ အကြီးမားဆုံး ပုဂ္ဂိုလ်တစ်ဦး အနေနဲ့ ရပ်တည်နေဆဲပါ။ သူ့ကို ထိုင်းစစ်တပ်က အာဏာသိမ်း ဖြုတ်ချခဲ့တဲ့နောက် ပြည်ပမှာ ၁၅ နှစ်လောက် တိမ်းရှောင်နေခဲ့ရာက ၂၀၂၃ မှာတော့ ထိုင်းကို ပြန်ရောက်နေပြီ ဖြစ်ပါတယ်။ သက်ဆင်ဟာ သူ့ရဲ့ မျက်ကွယ်မှာ ချမှတ်ခံထားရတဲ့ ထောင်ဒဏ် စီရင်ချက်တွေကို ဆေးရုံတက်ရင်း ဖြတ်သန်းခဲ့တဲ့နောက် ထိုင်းဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် အခုတော့ လွတ်လပ်သူတစ်ဦး ဖြစ်နေပါပြီ။

PPရဲ့ ခေါင်းဆောင် နက်သာပေါင် ရူပန်ယာဝတ်က ထိုင်းနိုင်ငံမှာ တရားဝင် စနစ်တွေရဲ့ ပြင်ပကနေ ကြိုးကိုင်တဲ့ ခေါင်းဆောင် တစ်ဦး ရှိနေကြောင်း၊ အဲဒီ ပုဂ္ဂိုလ်ဟာ ဘာတာဝန်ယူမှု၊ တာဝန်ခံမှုမှ မလိုဘဲ ထိုင်းအစိုးရ မူဝါဒတွေကို ခြယ်လှယ် ညွှန်ကြားနေကြောင်း လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လေ့လာသူတွေကတော့ လွှတ်တော်ထဲက စကားစစ်ထိုးမှုတွေမှာ ဖေထောင်ထန်ဟာ ခိုင်မာတဲ့ နေရာမျိုးကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သလို သူဦးဆောင်နေပြီး လွှတ်တော်ထဲမှာလည်း အမတ်နေရာ အများစုကို ထိန်းချုပ်ထားနိုင်တဲ့ ညွန့်ပေါင်း အစိုးရအတွင်းမှာ သွေးကွဲမှု လက္ခဏာမျိုး လုံးဝ မတွေ့ရသေးဘူးလို့ သုံးသပ်ထားပါတယ်။ ဖေထောင်ထန်ကို အယုံအကြည် မရှိကြောင်း တင်သွင်းထားတဲ့ အဆိုကို မတ်လ ၂၆ ရက်နေ့မှာ မဲခွဲမှာ ဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ် ဖေထောင်ထန်ကတော့ နက်သာပေါင်ရဲ့ စွပ်စွဲချက်တွေကို တိုက်ရိုက် တုံ့ပြန်တာမျိုး မရှိသေးပါဘူး။ အစောပိုင်းတုန်းကတော့ ဖေထောင်ထန်က သူ့ရဲ့ အစိုးရဟာ ဘယ်သူ့ လွှမ်းမိုးမှု အောက်မှာမှ ရှိမနေကြောင်း ပြောထားခဲ့ပါတယ်။ အသက် ၇၅ နှစ်အရွယ် သက်ဆင်ကလည်း သူဟာ နိုင်ငံရေးကနေ အနားယူထားပြီး အကြံပေး ကဏ္ဍလောက်မှာသာ တာဝန်ယူတော့တယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ်၊ ထိုင်းစစ်တပ် အာဏာသိမ်းမှု အတောအတွင်းမှာ ဩဇာကြီးမားတဲ့ စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦး ဖြစ်ခဲ့သလို ထိုင်းဒုတိယ ဝန်ကြီးချုပ် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ဖူးတဲ့ ပရာဝစ် ဝမ်ဆူဝန်ကလည်း ဖေထောင်ထန်ဟာ နိုင်ငံရဲ့ စီးပွားရေးနဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ တာဝန်တွေကို ပျက်ကွက်ခဲ့တာ၊ ပိုင်ဆိုင်မှု အမှန်ကို စာရင်းဖျောက် ဖုံးကွယ်တာ၊ သူ့မိသားစု ကြီးပွားချမ်းသာရေးအတွက် နိုင်ငံကို အသုံးချနေတာလို့ စွပ်စွဲခဲ့ပါတယ်။

ဖေထောင်ထန်ကတော့ အဲဒီစကားတွေနဲ့ ပတ်သက်လို့ ပြန်လည် ချေပခွင့်ကို ခဏလောက်သာ အချိန်တောင်းခဲ့ပြီး သူ့အနေနဲ့ ပရာဝစ် စွပ်စွဲတာတွေကို ၁၀ မိနစ်လောက် နားထောင်ခဲ့ကြောင်း၊ ဒါပေမဲ့ အဲဒါတွေက တစ်ခုမှ မမှန်ကြောင်း ခပ်တိုတို တုံ့ပြန်သွားခဲ့ပါတယ်။

ဖေထောင်ထန်ဟာ ဩဂုတ်လတုန်းက ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့သူပါ။ သူ့ရဲ့ နိုင်ငံရေး မဟာမိတ်ဖြစ်သူ ဆရက်သာ သာဗီဆန်ကို ကျင့်ဝတ်ရေးရာ ချိုးဖောက်မှု စွပ်စွဲချက်နဲ့ ထိုင်းအခြေခံ ဥပဒေ ခုံရုံးက ဝန်ကြီးချုပ် ရာထူးကနေ ဖယ်ရှားစေခဲ့တဲ့နောက် ဖေထောင်ထန်က အစားထိုး ဆက်ခံ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

နိုင်ငံတကာ

ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ ရထားနဲ့ ဘတ်စ်ကား တိုက်မိမှု ဖြစ်စဉ်အပြီး ရထားလမ်းနဲ့ ကားလမ်းဖြတ်တဲ့ နေရာတွေကို လျှော့ချနိုင်အောင် စီစဉ်သွားမယ်လို့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ကတိပြုခဲ့ပါတယ်။

သတင်း

မြန်မာတစ်ဦးပိုင်ဆိုင်ပြီးတရားမဝင်တင်သွင်းထားတဲ့အီလက်ထရောနစ် ပစ္စည်းတွေအများအပြားသိုလှောင်ထားရာကုန်လှောင်ရုံတစ်ခုကို ဝန်ကြီး ချုပ်အနူတင်ချန်ဝီယာကူကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့ကြောင်းထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းလွှတ်တော်အမတ်တွေရဲ့မဲပေး ရွေးချယ်မှုအရလက်ရှိအိမ်စောင့် အစိုးရဝန်ကြီးချုပ်အနူတင် ချန်ဝီယာကူဟာ ထိုင်းအစိုးရသစ်ရဲ့ ဝန်ကြီး ချုပ် ဖြစ်လာခဲ့ပါတယ်။