မတ်-၂၈၊၂၀၂၅။ရှိန်း/People’s Spring
မြေငလျင်ကြီးလှုပ်ခတ်တာကြောင့်မန္တလေးမြို့မှာ သေဆုံးသူနဲ့ ဒဏ်ရာရသူဦး ရေဆက်လက်မြင့်တက် နေပြီး ဆေးရုံအပြင်ဘက်အထိ ဒဏ်ရာရလူနာ တွေပြည့်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
ဒီနေ့ (မတ် ၂၈) မွန်းလွဲပိုင်း မှု လှုပ်ခတ်ခဲ့တဲ့ အင်အားကြီးငလျင်ဒဏ်ကြောင့် မန္တလေးမြို့အနှံ့ နေအိမ်တွေ ၊ဟိုတယ်တွေ၊ ကွန်ဒိုတွေ ၊ မဟာမုနိဘုရားကြီး အပါအဝင်ဘာသာရေးအဆောက်အအုံတွေ၊ နန်းမြို့ရိုးစတဲ့ အဆောက်အအုံများစွာပြိုကျပျက်စီးခဲ့ပါတယ် ။ တချို့နေအိမ်တွေဟာ အထပ်လိုက် မြေအောက်ကို မြှုပ်သွားတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါအပြင် မီးလောင်မှုတွေလည်း များပြားပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်းမြင့်တက်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

Public Service Announcement
“ကုတင် ၃၀၀ အပြင်ဘက်အထိလူနာတင်ကား တွေ ရော၊လူနာတွေရော အပြည့်ပဲ။တခြား ဆေးရုံတွေလည်း လူနာပြည့်လို့ဆက်လက်မခံတာ တွေရှိတယ် “လို့ မန္တလးမြို့ခံတဦးက ပြောပါတယ်။
မန္တလေးမြို့က ဟိုတယ် ၁၀လုံးနီးပါးအထိပြိုကျခဲ့ပြီး ၆၂လမ်း ပေါ်ကသုံးထပ်တိုက်တလုံးလည်း အောက်ဆုံး တထပ်လုံး မြေကြီးထဲ မြှုပ်ဝင်သွားပါတယ်။
https://www.facebook.com/LuduNwayOo/videos/9889167434426885
အခုချိန်အထိ နောက်ဆက်တွဲမြေငလျင်တွေနဲ့မြေငလျင် ကောလဟလတွေကြောင့် ပြည်သူတွေဟာ စိုးရိမ်းပြီးလမ်းပေါ်မှာလူတွေ ထွက်ထိုင်နေကြပါတယ် ။
တောင်ငူမြို့မှာလည်း ဝေဠုဝန်ကျောင်းသိမ်ပြိုကျမှုမှာလည်း ကိုရင်တစ်ပါးအပါအဝင် စစ်ရှောင်ကလေးငယ် ၅ ဦး သေဆုံးခဲ့ရတယ်လို့ အဲဒီမြို့က လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
ဒါအပြင် ရှမ်းပြည်တောင်ပိုင်း၊အောင်ပန်းမြို့က ဟိုတယ်အောင်ပန်း ပြိုကျမှုဖြစ်စဉ်မှာ အမျိုးသမီးရုပ်အလောင်းနှစ်လောင်းတွေ့ရှိထားတယ်လို့ နာရေးကူညီမှုအသင်းအောင်ပန်းက အသိပေးပါတယ်။


















































