Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကယ်ဆယ်ရေးအတွက် အပစ်ရပ်ထားဖို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး တိုက်တွန်း

ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ထိထိရောက်ရောက် ပေးပို့နိုင်စေဖို့အတွက် ပြည်တွင်းစစ်ကို အပစ်ရပ်ထားဖို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။

ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ထိထိရောက်ရောက် ပေးပို့နိုင်စေဖို့အတွက် ပြည်တွင်းစစ်ကို အပစ်ရပ်ထားဖို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။

မတ်လ ၃၀ ရက်နေ့မှာ ဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလက်ခ်ရစ်ရှ်နန်က မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီရော၊ တော်လှန်ရေး အင်အားစုတွေပါ အပစ်အခတ် ရပ်စဲထားပြီး လူသားချင်း စာနာမှု အကူအညီပေးရေး လုပ်ငန်းတွေ အဆင်ချောအောင် ကူညီပေးကြဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့နားကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၇ အဆင့် အင်အားပြင်း ငလျင်ကြီးကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့သလို စစ်ကောင်စီရဲ့ ထုတ်ပြန်မှုမှာတောင် အသေအပျောက် ၁၆၀၀ ကျော်နေပြီ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ အသေအပျောက် ဂဏန်းဟာ အဲဒီထက် အများကြီး ပိုလာနိုင်တယ်လို့ စိုးရိမ်တကြီး ထောက်ပြမှုတွေ ရှိနေပါတယ်။

ဒေါက်တာ ဘာလက်ခ်ရစ်ရှ်နန်ဟာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ နိုင်ငံခြားရေး ဝန်ကြီးများဆိုင်ရာ အရေးပေါ် အစည်းအဝေး တစ်ခုကို တက်ရောက်ပြီး မြန်မာ့ ငလျင်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ အဲဒီ အစည်းအဝေးကို အာဆီယံ ဥက္ကဋ္ဌ မလေးရှားက ကမကထပြုပြီး အွန်လိုင်းကနေ ချိတ်ဆက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ အစည်းအဝေးမှာ ဝန်ကြီးဟာ လူသားချင်း စာနာမှု အထောက်အပံ့တွေ ထိရောက်စွာ ပေးပို့နိုင်ရေး၊ ရေရှည်မှာ အမျိုးသား ရင်ကြားစေ့မှု ပိုမို အကောင်အထည် ဖော်နိုင်ရေး၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေအတွက် ရည်ရွယ်ပြီး မြန်မာ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို တောင်းဆိုခဲ့တယ်လို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က ကယ်ဆယ်ရေးနဲ့ တခြား ငလျင်ဘေးသင့် အကူအညီတွေ ပေးနိုင်ရေးအတွက် နှစ်ပတ်ကြာ အပစ်ရပ်ထားမယ်လို့ ကြေညာခဲ့ပေမယ့် စစ်ကောင်စီကတော့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ဒေါက်တာ ဘာလက်ခ်ရစ်ရှ်နန်က စင်ကာပူ နိုင်ငံအနေနဲ့ မြန်မာ၊ ထိုင်းတို့မှာ ငလျင်ကြောင့် ထိခိုက် ခံစားရမှုတွေ၊ အသက်အိုးအိမ် ဆုံးရှုံးမှုတွေကို ကြုံတွေ့ခဲ့ရတဲ့အပေါ် အထူးစိတ်ထိခိုက် ဝမ်းနည်းကြောင်းလည်း ပြောကြားခဲ့ပြီး ခက်ခဲတဲ့ ကာလတွေမှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေနဲ့အတူ တသားတည်း ရပ်တည်မယ်လို့လည်း ပြောပါတယ်။ ပြီးတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အကူအညီ ပေးနိုင်ရေးအတွက် စင်ကာပူ ကြက်ခြေနီ အဖွဲ့ ရန်ပုံငွေအဖြစ် စင်ကာပူဒေါ်လာ တစ်သိန်းခွဲကို အစိုးရက ထောက်ပံ့ပေးသွားမယ်လို့လည်း ဆိုပါတယ်။ စင်ကာပူ ကြက်ခြေနီ အဖွဲ့ဟာ အစောပိုင်း ကတည်းက မြန်မာနဲ့ ထိုင်းက ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် စင်ကာပူဒေါ်လာ တစ်သိန်းခွဲ လှူဒါန်းမယ်လို့ ကြေညာပြီး အများပြည်သူ စုပေါင်းလှူဒါန်းဖို့လည်း အလှူခံ ပေးသွားမယ်လို့ ကတိပြုထားပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။