Connect with us

Hi, what are you looking for?

သတင်း

ဂျေညီညီကွယ်လွန်

စွဲနေပြီ၊ အလွမ်းကဖေး၊ ပလက်ဖောင်းရှိုး စတဲ့ သီချင်းတွေရဲ့ အဆိုရှင် ဂျေညီညီက ဒီနေ့ (မတ် ၃၁) နံနက် မှာ ကွယ်လွန်သွားကြောင်း ညီမဖြစ်သူ ဂျေညီမလေးက အသိပေးထားပါတယ်။

မတ်-၃၁၊၂၀၂၅။ ဆဏ်း / People’s Spring

စွဲနေပြီ၊ အလွမ်းကဖေး၊ ပလက်ဖောင်းရှိုး စတဲ့ သီချင်းတွေရဲ့ အဆိုရှင် ဂျေညီညီက ဒီနေ့ (မတ် ၃၁) နံနက် မှာ ကွယ်လွန်သွားကြောင်း ညီမဖြစ်သူ ဂျေညီမလေးက အသိပေးထားပါတယ်။

“အဆိုတော် ဂျေညီညီ မနက် ၄:၃၀မိနစ်မှာ ဆုံးသွားပါပြီ” လို့ ဂျေညီမလေးက သူ့ဖေ့စ်ဘွတ်ကနေ အသိပေးထားပါတယ်။

ဂျေညီညီ ရဲ့ ဖေ့စ်ဘွတ်မှာ မနေ့(မတ် ၃၀) မနက်က “ဒီမနက်မူးလို့ကောင်းတုန်းတယောက်ထဲ ငလျင်မိနေသလို ဟိုကိုင်ဒီကိုင်လမ်းလျှောက်နေရတယ်” လို့ တင်ထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂျေညီညီက ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဇနီး နဲ့ သားဖြစ်သူကျန်ရစ်ခဲ့ပါတယ်။

“U J Nyi Nyi ကွယ်လွန်ကြောင်းကြားသိရ၍ မိသားစုနဲ့ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ် ကောင်းရာသုဂတိလားပါစေ အဝေးကနေပဲကန်တော့လိုက်ပါတယ်” လို့ အဆိုတော် Rဇာနည်က ကရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲ အခမ်းအနားမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် ထိုင်းအဆိုတော်မလေး လီဆာက မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။