Connect with us

Hi, what are you looking for?

သတင်း

အသက်ရှင်သူတွေကို ရနိုင်သမျှ ရှာဖွေကယ်ဆယ်ဖို့က ဦးစားပေး ရည်မှန်းချက်လို့ ဗီယက်နမ် ကယ်ဆယ်ရေး ခေါင်းဆောင်ဆို

ငလျင်ဘေးသင့် ဒေသတွေမှာ အသက်ရှင်လျက် ပိတ်မိနေသူတွေကို ရနိုင်သမျှ ကြိုးစား ကယ်ဆယ်နိုင်ရေးဟာ ဦးစားပေး ရည်မှန်းချက် ဖြစ်တယ်လို့ ဗီယက်နမ် နိုင်ငံကနေ ရောက်ရှိလာတဲ့ ကယ်ဆယ်ရေး အဖွဲ့ရဲ့ ခေါင်းဆောင်က ပြောပါတယ်။

ငလျင်ဘေးသင့် ဒေသတွေမှာ အသက်ရှင်လျက် ပိတ်မိနေသူတွေကို ရနိုင်သမျှ ကြိုးစား ကယ်ဆယ်နိုင်ရေးဟာ ဦးစားပေး ရည်မှန်းချက် ဖြစ်တယ်လို့ ဗီယက်နမ် နိုင်ငံကနေ ရောက်ရှိလာတဲ့ ကယ်ဆယ်ရေး အဖွဲ့ရဲ့ ခေါင်းဆောင်က ပြောပါတယ်။

အဖွဲ့ဝင် ၁၀၆ ဦးပါဝင်ပြီး ဗီယက်နမ်ရဲ့ အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ကျွမ်းကျင်သူတွေ၊ အရာရှိတွေ ပူးပေါင်းထားတဲ့ ကယ်ဆယ်ရေး အဖွဲ့ဟာ မတ်လ ၃၀ ရက်နေ့က ရန်ကုန်လေဆိပ်ကို ရောက်ရှိလာခဲ့ပါတယ်။

အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး ဌာနခွဲ ဒုတိယ အကြီးအကဲဖြစ်ပြီး မြန်မာနိုင်ငံရောက် ကယ်ဆယ်ရေး အဖွဲ့ကို ဦးဆောင်လာသူ ဗိုလ်ချုပ် ဖမ်ဗန်တိုင်က သူတို့အဖွဲ့ရဲ့ မစ်ရှင်ဟာ ရနိုင်သမျှ အသက်ရှင် ကျန်ရစ်သူတွေကို အမြန်ဆုံး ရှာဖွေ ကယ်ထုတ်နိုင်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

ဗီယက်နမ် ကယ်ဆယ်ရေး အဖွဲ့ဟာ အထူး လေ့ကျင့်ပေးထားတဲ့ ခွေးတွေကိုပါ ခေါ်ဆောင်လာကြပါတယ်။ အဲဒီ အဖွဲ့ဟာ ကယ်ဆယ်ရေး ကဏ္ဍအပြင် ငလျင်ဘေးသင့် ဒေသက ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ထောက်ပံ့ဝေငှမှု အပါအဝင် လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်မှာ ဖြစ်သလို အင်ဂျင်နီယာတွေကလည်း နည်းပညာပိုင်း လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုးမယ်လို့ ဆိုပါတယ်။ ဗီယက်နမ် ကယ်ဆယ်ရေး အဖွဲ့ဟာ ဒေသခံနဲ့ တခြားနိုင်ငံတွေရဲ့ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့လည်း အထူး နီးနီးကပ်ကပ် ညှိနှိုင်း အလုပ်လုပ်သွားမယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇.၇ ငလျင်ကြီးအပြီး ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေး လုပ်ငန်းတွေအတွက် ဗီယက်နမ် အစိုးရက အရေးပေါ် အကူအညီ ဒေါ်လာ ၃ သိန်း ထောက်ပံ့ပေးထားတယ်လို့လည်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ကိုးကား: VoV

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။