Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံကို စေလွှတ်မယ့် ကယ်ဆယ်ရေးအဖွဲ့ ခရီးစဉ်ကို ထိုင်ဝမ်ဖျက်သိမ်း

ငလျင်ဘေးသင့် မြန်မာနိုင်ငံကို စေလွှတ်ဖို့ အသင့်အနေအထားတပ်လှန့်ပြင်ဆင်ထားတဲ့ကယ်ဆယ်ရေး အဖွဲ့ကို ပြန်လည် ဖျက်သိမ်းစေခဲ့ကြောင်း သိရပါတယ်။

■ထိုင်ဝမ်က မြန်မာနဲ့ထိုင်းကို အကူအညီ​ပေးလို​ကြောင်းကမ်းလှမ်းချက်ကို၂ နိုင်ငံစလုံးလက်မခံ

မတ်-၃၁၊ ၂၀၂၅။People’s Spring

ငလျင်ဘေးသင့် မြန်မာနိုင်ငံကို စေလွှတ်ဖို့ အသင့်အနေအထားတပ်လှန့်ပြင်ဆင်ထားတဲ့ကယ်ဆယ်ရေး အဖွဲ့ကို ပြန်လည် ဖျက်သိမ်းစေခဲ့ကြောင်း သိရပါတယ်။

မူလက ထိုင်ဝမ်အစိုးရဟာ ငလျင်ဘေးသင့် မြန်မာနိုင်ငံဆီ အဖွဲ့ဝင် ၁၂၆ ဦး ပါဝင်တဲ့ ကယ်ဆယ်ရေး မစ်ရှင်အဖွဲ့ကို စေလွှတ်ဖို့ အသင့်ပြင်ဆင်ထားစေပေမယ့် မတ်လ ၃၁ ရက်နေ့မှာတော့ ခရီးစဉ် ဖျက်သိမ်းစေဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီး လျူရှာဖန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လျူက ခရီးစဉ်ကိုဖျက်သိမ်းစေတဲ့အကြောင်းပြချက်အဖြစ် ကယ်ဆယ်ရေး အဖွဲ့သားတွေရဲ့ လုံခြုံရေး စိုးရိမ်ရမှုကို ထောက်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြားစစ်မက်ဖြစ်ပွားနေတာကြောင့် လုံခြုံရေး ရှုထောင့်ကို ထည့်စဉ်းစားခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ကယ်ဆယ်ရေး အဖွဲ့သားတွေကိုမြန်မာနိုင်ငံစေလွှတ်လိုက်ပြီးရင် သူတို့ရဲ့လုံခြုံရေးအတွက်အာမခံချက် မပေးနိုင်တော့ဘူးလို့ လျူက သတင်းထောက်တွေကို ပြောပါတယ်။

ဒါကြောင့်လည်း အသင့်အနေအထား စုစည်းထားစေတဲ့ အဖွဲ့ကို ပြန်ပယ်ဖျက်လိုက်ပြီးထိုင်ဝမ်မှာ ရှိရင်းစွဲလုပ်ငန်းတာဝန်တွေကိုပြန်လည်ထမ်းဆောင်ဖို့သာ ညွှန်ကြားထားတယ်လို့လည်းဝန်ကြီးက အတည်ပြုခဲ့ပါတယ်။

မူလက အသင့်အနေအထား လူစုထားစေတဲ့ ထိုင်ဝမ် ကယ်ဆယ်ရေး မစ်ရှင်အဖွဲ့မှာ ဆရာဝန် ၆ ဦး၊ သူနာပြု ၇ ဦး၊ တိရစ္ဆာန်ဆေးကု ဆရာဝန် ၂ ဦး၊ ကယ်ဆယ်ရေး ဝန်ထမ်းတွေ၊ ကယ်ဆယ်ရေးခွေး ၆ ကောင်တို့ ပါဝင်ပြီး ကယ်ဆယ်ရေး လုပ်ငန်းသုံး စက်ကိရိယာ ပစ္စည်း ၁၅ တန်ကိုပါ စုစည်းထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ငလျင်ဘေးကြောင့် ပြည်သူတွေ အကြီးအကျယ် ဒုက္ခရောက်နေချိန်မှာ စစ်ကောင်စီဟာ ဒေသတချို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေပြီး ကုလသမဂ္ဂကတော့ အဲဒီလိုတိုက်ခိုက်မှုမျိုးဟာလက်ခံနိုင်စရာမရှိလောက်အောင်စက်ဆုပ်စရာဖြစ်တယ်လို့ဝေဖန်ထားပါတယ်။

ထိုင်ဝမ် ကယ်ဆယ်ရေး အဖွဲ့ဟာ မြန်မာနိုင်ငံမှာမဂ္ဂနီကျု ၇.၇ အဆင့် ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ ကတည်းက အသင့်အနေအထား လူစုပြီး စောင့်ဆိုင်းနေခဲ့တာလည်း ဖြစ်ပါတယ်။ ထိုင်ဝမ်ဟာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန် စီမံမှုတွေနဲ့ ပတ်သက်လို့ ပြင်ဆင်လေ့ကျင့်မှု အကောင်းဆုံး နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

အစောပိုင်းတုန်းက ငလျင်ဘေးသင့် မြန်မာနဲ့ ထိုင်းတို့ကို လိုအပ်တဲ့ အကူအညီတွေ ပေးလိုကြောင်း ထိုင်ဝမ် အစိုးရက ကမ်းလှမ်းခဲ့ပေမယ့် နှစ်နိုင်ငံ စလုံးက ထိုင်ဝမ်ရဲ့ အကူအညီတွေကို တောင်းဆိုတာမျိုးမရှိခဲ့ဘူးလို့ ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသေးတယ်။

ကိုးကား: Focus Taiwan

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။