Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးသင့် ပြည်သူတွေအတွက် ဝမ်သန်း ၅၀ လှူဒါန်းခဲ့တဲ့ ကင်မ်ဂိုအွန်း

တောင်ကိုရီးယား နာမည်ကျော် ရုပ်ရှင်မင်းသမီး ကင်မ်ဂိုအွန်းဟာ မြန်မာနိုင်ငံက ငလျင်ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် တောင်ကိုရီးယားဝမ် သန်း ၅၀ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

Screenshot

တောင်ကိုရီးယား နာမည်ကျော် ရုပ်ရှင်မင်းသမီး ကင်မ်ဂိုအွန်းဟာ မြန်မာနိုင်ငံက ငလျင်ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် တောင်ကိုရီးယားဝမ် သန်း ၅၀ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

ကလေးသူငယ် အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Good Nieghborsက ကင်မ်ဟာ မြန်မာနိုင်ငံက ငလျင်ဘေးသင့် ပြည်သူတွေ၊ ကလေးတွေအတွက် အကူအညီတွေ ပေးအပ်နိုင်ဖို့ ဝမ် သန်း ၅၀ လှူဒါန်းခဲ့တယ် ဆိုတာကို ဧပြီ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကင်မ်က လွှဲပြောင်းပေးတဲ့ ငွေကြေးတွေကို လက်ရှိ မြန်မာနိုင်ငံမှာ အကောင်အထည် ဖော်နေတဲ့ ငလျင်ဘေးသင့် ကယ်ဆယ်ရေး ကဏ္ဍတွေဆီ တိုက်ရိုက် ပို့ဆောင်နိုင်အောင် စီစဉ်ပေးသွားမယ်လို့ Good Neighborsက ဆိုပါတယ်။

အဓိကအားဖြင့် ရိက္ခာနဲ့ နေ့စဉ်သုံး ပစ္စည်းတွေ ပါဝင်တဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို မြန်မာနိုင်ငံက ငလျင်ဘေးသင့် ဧရိယာတွေအပြင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကိုပါ ဖြန့်ဝေ ပေးပို့ဖို့ ရည်ရွယ်ထားတယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။ ဘန်ကောက်ဟာလည်း မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၇ အဆင့် ငလျင်ကြီးရဲ့ဒဏ်ကို သက်ရောက် ခံစားခဲ့ရတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာတော့ ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ အားပေးထောက်ပံ့ ကူညီတဲ့ PSS ပရိုဂရမ်တွေကိုပါ အကောင်အထည် ဖော်နိုင်ဖို့ လျာထားကြောင်း Good Neighborsက ပြောပါတယ်။

ကင်မ်ဟာ ပရဟိတ ကိစ္စတွေမှာ အကူအညီတွေ ပေးလေ့ရှိတဲ့ မင်းသမီး တစ်လက်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တုန်းကလည်း ကိုဗစ် ကပ်ရောဂါဒဏ်ကြောင့် စီးပွားရေး ပိုမိုကျပ်တည်းလာတဲ့ ဝင်ငွေနည်းတဲ့ တောင်ကိုရီးယား မိသားစုတွေအတွက် ဝမ် သန်း ၁၀၀ လှူဒါန်းခဲ့ဖူးပါတယ်။ သူဟာ Good Neighborsရဲ့ အဓိက အလှူရှင်ကြီးတွေ စာရင်းမှာ ပါဝင်နေသူလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ငလျင်သတင်းတွေကို ကြားသိတဲ့ အချိန်မှာ အရမ်း ကြေကွဲမိကြောင်းနဲ့ ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူ အားလုံးအတွက် စာနာဝမ်းနည်းမှုကို အသိပေးလိုကြောင်းလည်း ကင်မ်က ပြောကြားထားပါတယ်။

အသက် ၃၃ နှစ်အရွယ် ကင်မ်ဟာ တောင်ကိုရီးယားရဲ့ လက်ရှိ မျိုးဆက်မှာ အကျော်ကြားဆုံး မင်းသမီး တစ်လက်ဖြစ်ပြီး မနှစ်တုန်းက သူပါဝင်သရုပ်ဆောင်ထားတဲ့ Exhumaနဲ့ Love in the Big Cityတို့လို ဇာတ်ကားတွေဟာ ပရိသတ်တွေကြားမှာ အောင်မြင်ခဲ့ပါတယ်။

ကိုးကား: Maeil Business

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။