Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေး ကူညီကယ်ဆယ်ရေး အိန္ဒိယ ၊ စင်ကာပူနဲ့မလေးရှားအဖွဲ့တွေ ပြန်လည်ထွက်ခွာ

မြန်မာ့ငလျင်ဘေးကို လာရောက်ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့တဲ့ အိန္ဒိယ ၊ စင်ကာပူနဲ့မလေးရှား အဖွဲ့တွေ ပြန်လည်ထွက်ခွာသွားကြပြီလို့ သက်ဆိုင်ရာအဖွဲ့တွေ ရဲ့ ထုတ်ပြန်အသိပေးချက်အရသိရပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတဲ့ စင်ကာပူအဖွဲ့ ဓာတ်ပုံ - SCDF

ဧပြီ – ၇၊ ၂၀၂၅/People’s Spring

မြန်မာ့ငလျင်ဘေးကို လာရောက်ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့တဲ့ အိန္ဒိယ ၊ စင်ကာပူနဲ့မလေးရှား အဖွဲ့တွေ ပြန်လည်ထွက်ခွာသွားကြပြီလို့ သက်ဆိုင်ရာအဖွဲ့တွေ ရဲ့ ထုတ်ပြန်အသိပေးချက်အရသိရပါတယ်။

ငလျင်ဘေး ရှာဖွေကယ်ဆယ်ရေး ၁၀ ရက်နီးပါးကြာ ကူညီပေးပြီးနောက် ပြန်လည်ထွက်ခွာသွားကြတာပါ။

ငလျင်လှုပ်ခတ်ပြီး မတ်လ ၂၉ ရက်မှာ အိန္ဒိယ အဖွဲ့နဲ့ စင်ကာပူအဖွဲ့ ၊ မတ်လ ၃၀ ရက်မှာ မလေးရှားအဖွဲ့တို့ဟာ ရှာဖွေကယ်ဆယ်ရေးအတွက် မြန်မာနိုင်ငံကိုရောက်ခဲ့ကြတာပါ။

Public Service Announcement

Public Service Announcement

အဲဒီနောက် အိန္ဒိယအဖွဲ့က မန္တလေးမြို့ ၊ မလေးရှားအဖွဲ့က စစ်ကိုင်းမြို့ ၊ စင်ကာပူအဖွဲ့က နေပြည်တော်ကောင်စီနယ်မြေထဲက မြို့နယ်တွေနဲ့ မန္တလေးတိုင်းပျော်ဘွယ်မြို့ထဲမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင် ပေးခဲ့ကြတယ်လို့သိရပါတယ်။

စင်ကာပူအဖွဲ့က ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းတွေလည်း မီးသတ်ကို လှုဒါန်းသွားခဲ့ပါတယ်။

ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်သွားတဲ့ မြန်မာနိုင်ငံဆီ ငလျင်ကူညီကယ်ဆယ်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံဒေသတွင်းနိုင်ငံတွေနဲ့ စစ်ကောင်စီရဲ့မဟာမိတ် ရုရှားနိုင်ငံတို့ကပါ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ပေးခဲ့တာပါ။

ငလျင်ကြီးဒဏ်ကို မန္တလေးမြို့နဲ့စစ်ကိုင်းမြို့တို့က အဆိုးရွားဆုံးခံစားခဲ့ရတာဖြစ်ပြီး ငလျင်ကြောင့်ထိခိုက်သေဆုံးသူဦးရေကတော့ စစ်ကောင်စီရဲ့စာရင်းအရတင် ဧပြီ ၆ ရက်အထိ သေဆုံးသူ ၃,၄၅၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄,၈၄၀ ဦး နဲ့ ပျောက်ဆုံးနေသူ ၂၁၄ ဦး ရှိနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။